နာမည်ကျော် Open-world RPG Game ဖြစ်တဲ့ Cyberpunk 2077 ဖြန့်ချိမယ့် အချိန်ကို ထပ်မံ နောက်ဆုတ်လိုက်ပါတယ်။ အရင်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ချိဖို့ ကြေညာထားပေမယ့် အခုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ကျမှ ဖြန့်ချိမယ်လို့ Game ထုတ်လုပ်သူ CD Projekt Red က တွစ်တာကနေ အသိပေးလိုက်ပါတယ်။

ကုမ္ပဏီက ကြေညာချက်မှာ “  အဲဒီ Game အတွက် Skills , Items , Functions အပါအဝင် အားလုံးကို ဖန်တီးပြီးပါပြီ။ ဒါပေမယ့် Game ဟာ အရမ်းကြီးမားပြီး ရှုပ်ထွေးလွန်းနေပါတယ်။ အဲဒီအတွက် Game ကစားရတာ ပိုကောင်းအောင် ပြုလုပ်ဖို့နဲ့ Bugs တွေ ပြင်ဆင်ဖို့အတွက် အချိန် ပိုလိုအပ်သွားပါတယ်။ “ လို့ ရှင်းပြထားပါတယ်။

Cyberpunk 2077 ကို ဖြန့်ချိဖို့ ခရီးအဝေးကြီး လျှောက်ခဲ့ကြရတာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက စတင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ဖြန့်ချိဖို့ မူလက စီစဉ်ထားပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့ကို နောက်ဆုတ်လိုက်ကြောင်း ဇန်နဝါရီလက အသိပေးခဲ့ပါတယ်။ အခုတော့ နိုဝင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ပါပြီ။

Fans တွေအတွက် ဒါဟာ ဝမ်းနည်းစရာ သတင်းဖြစ်ပြီး CD Projekt Red က မကြာခင် သတင်းထပ်မံ ထုတ်ပြန်မယ်လို့ ကတိပေးလိုက်ပါတယ်။

Ref : theverge