[Unicode]

Dell Technologies ဟာ Future of connected living (အနာဂတ်ရဲ့ လူနေမှုဆက်သွယ်ရေး) ကို လေ့လာမှုပြုလုပ်ခဲ့ပြီး တွေ့ရှိချက်အချို့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၃၀ ပြည့်နှစ်မှာ နည်းပညာတွေက လူသားတွေရဲ့နေထိုင်ဆက်သွယ်မှုကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာ ရှာဖွေဖော်ထုတ်တဲ့ သုတေသနအသစ် တစ်ခုလည်း ဖြစ်ပါတယ်။

ဒီသုတေသနကို Institute for Future (IFTF) နဲ့ Vanson Bourne တို့က ပူးပေါင်းပြီး စင်ကာပူအပါအဝင်၊ အာရှပစိတ်ဖိတ်နဲ့ ဂျပန် (APJ) ၁၀ နိုင်ငံက စီးပွားရေးဦးဆောင်သူ ၁၁၀၀ ကို စစ်တမ်းကောက်ယူမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မှာ အဆင့်မြင့်နည်းပညာတွေဟာ ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံးရဲ့ တိုးတက်မှုကို ဖြစ်ပေါ်အောင် တွန်းအားပေးနိုင်မယ့် အခွင့်အလမ်းတွေ ပြည့်နေကြောင်း စစ်တမ်းကတစ်ဆင့် တွေ့ရှိခဲ့ကြပါတယ်။

Dell ကဦးဆောင်ပြုလုပ်ခဲ့တဲ့ သုတေသနမှာ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားအံ့သြဖွယ် အချက်အလက်တွေကို တွေ့ရှိခဲ့ရပြီး ဒီထဲကမှ အဓိကအချက် ငါးချက်ကို MyTeach Myanmar ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

1. Networked Reality:
လာမယ့်ဆယ်စုနှစ်အတွင်းမှာ Cyberspace ဟာ လက်ရှိဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ဖြစ်တဲ့ ရုပ်မြင်သံကြားစက်တွေ၊ စမတ်ဖုန်းတွေနဲ့ အခြားဒီဂျစ်တယ်ဆိုင်ရာတွေကို ကျော်လွန်ပြီး လွှမ်းခြုံသွားပါလိမ့်မယ်။ (ပြောရမယ်ဆိုရင် Virtual နဲ့ real ကြားမှာရှိတဲ့ ကန့်သတ်မျဉ်း ပျက်သွားပါလိမ့်မယ်။ ဒီအသွင်ပြောင်းလဲမှုကို 5G ကွန်ရက်လိုမျိုး မြန်နှုန်းမြင့်နည်းပညာက မောင်းနှင်သွားဖွယ်ရှိပါတယ်။)

2. Connected Mobility and Networked Matter:
အနာဂတ်ယာဉ်တွေဟာ မိုလ်ဘိုင်းကွန်ပျူတာတွေကို မလွဲမသွေလိုအပ်လာမယ်။ Virtual space မှာ အပြန်အလှန်အကျိုးပြုနေကြတဲ့အတွက် လူတွေကလည်း ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာကြီးထဲမှာ သွားဖို့လိုအပ်တဲ့နေရာဆီ ခေါ်သွားဖို့ ဒီသယ်ယူပို့ဆောင်ရေးစနစ်ကို ယုံယုံကြည်ကြည်သုံးလာကြလိမ့်မယ်။

3. From Digital Cities to Sentient Cities:
မြို့ကြီးတွေဟာ ကိုယ်ပိုင်ကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အဦတွေ၊ Smart Object တွေ၊ Self-reporting စနစ်တွေနဲ့ AI-powered analytics တွေကို အသုံးပြုနေထိုင်လာကြလိမ့်မယ်။

4. Agents and Algorithms:
အနာဂတ်မှာ လူတစ်ယောက်ချင်းစီတိုင်းဟာ မြင့်မားတဲ့ကိုယ်ပိုင်လူနေမှုဘဝအတွက် “operating system for living” ရဲ့ပံ့ပိုးမှုကိုရှိလာတာ မြင်တွေ့ရပါလိမ့်မယ်။ ဒီစနစ်ဟာ လူတွေရဲ့လိုအပ်ချက်တွေကို ကြိုတင်ခန့်မှန်းနိုင်ပြီး၊ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကနေ အချိန်ပိုတွေထွက်လာအောင် ကူညီပေးပါလိမ့်မယ်။

5. The robot with Social Lives:
လူသားတွေရဲ့ စွမ်းရည်နဲ့ လုပ်နိုင်စွမ်းတွေကို တိုးချဲ့လာရာမှာ စက်ရုပ်တွေက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါလိမ့်မယ်။ စက်ရုပ်တွေကလည်း သူတို့ရှာဖွေတွေ့ရှိတဲ့ အကြောင်းအရာသစ်တွေကို “Social robot network” မှာ မျှဝေကြပြီး၊ တစ်ချိန်တည်းမှာပဲ ဆန်းသစ်တီထွင်မှုနဲ့ တိုးတက်မှုကို အရှိန်မြှင့်လာကြပါလိမ့်မယ်။

ဒီရှာဖွေတွေ့ရှိချက်နဲ့ပတ်သက်ပြီးတော့လည်း Dell Technologies ရဲ့ အာရှပစိဖိတ်နဲ့ ဂျပန်၊ Global digital Cities ရဲ့ ဥက္ကဌလည်းဖြစ်၊ Contributing expert လည်းဖြစ်တဲ့ Amit Midha က “၂၀၃၀ ပြည့်နှစ်မှာ ချိတ်ဆက်မှုတွေ၊ နည်းပညာဆိုင်ရာဆက်နွယ်မှုတွေက လုံးဝကွဲပြားခြားနားလာပါလိမ့်မယ်၊ လူသားတွေနဲ့ စက်ပစ္စည်းတွေကြားမှာ အအောင်မြင်ဆုံးဆက်နွယ်နှုလည်း ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။ လူအသီးသီးဟာ သူတို့နဲ့ လိုက်ဖက်တဲ့ အားသာချက်ဖြစ်အောင် အသုံးပြုလာမယ့် သင်္ကေတ ဖြစ်လာပါလိမ့်မယ်” လို့ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

“အာရှပစိဖိတ်နဲ့ ဂျပန်နိုင်ငံတစ်ဝန်း စစ်တမ်းကောက်ယူခဲ့ရာမှာ စီးပွားရေးဦးဆောင်သူ ၇၅ ရာခိုင်နှုန်းက စက်တွေ၊ စက်ရုပ်တွေနဲ့ ပူးပေါင်းပြီး လူသားတွေရဲ့ ကန့်သတ်ချက်ထက်ကျော်လွန်လုပ်ဆောင်နိုင်တာကို ကြိုဆိုကြောင်း တွေ့ရှိခဲ့ကြပါတယ်။ လူနေမှုပုံစံအသစ်တွေကို ဖန်တီးဖို့၊ ကုန်ထုတ်စွမ်းအားတိုးစေဖို့၊ အလုပ်နဲ့နေထိုင်မှုဘဝ ပိုပြီးဟန်ချက်ညီစေဖို့၊ မြို့ကြီးတွေရေရှည်တည်တံ့ခိုင်မြဲဖို့ နည်းပညာတွေကို ထိန်းချုပ်အသုံးချနိုင်ပါတယ်” လို့လည်း Amit Midha က ထပ်လောင်းပြောကြားသွားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံရဲ့ အဓိကမြို့တော် ရန်ကုန်မှာ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနဲ့ပတ်သက်ပြီး “တိုးတက်လာတဲ့နည်းပညာတွေဟာ ကျွန်တော်တို့ရဲ့ဘဝတွေကို မကြုံစဖူးနည်းလမ်းတွေနဲ့ ပြောင်းလဲပေးနေပါတယ်။ ပြီးတော့ ဒီခေါင်းစဉ်ကလည်း အာရှပစိဖိတ်နဲ့ဂျပန် အပြင် မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ပါတယ်။ မြန်မာနိုင်ငံဟာ မြန်မြန်ဆန်ဆန်ပဲ ဖွံ့ဖြိုးတိုးတက်နေတာပါ။ ဒါဟာ Dell Technologies အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ဖောက်သည်တွေနဲ့ စီးပွားရေးကုမ္ပဏီတွေဟာ အနာဂတ်မှာ လူသားနဲ့စက်ကိရိယာတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို သိရှိနားလည်လာအောင်လည်း ဆက်ပြီးလေ့လာသွားမှာပါ” လို့ Asia Emerging Markets (AEM), Dell Technologies ရဲ့ ဒုတိယဥက္ကဌ Anothai Wettayakorn က ပြောကြားခဲ့ပါတယ်။

၂၀၃၀ မှာဖြစ်လာမယ့် အနာဂတ်ရဲ့လူမှုဆက်သွယ်ရေး အတွက် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ သိထားသင့်တဲ့အချက်နှစ်ချက်က အပြောင်းအလဲကို ကြိုတင်မျှော်မှန်းထားခြင်းနဲ့ စိန်ခေါ်မှုတွေဆီ သွားရောက်ခြင်း ပဲဖြစ်ပါတယ်။

အပြောင်းအလဲကို ကြိုတင်မျှော်မှန်းထားခြင်း
APJ မှာရှိတဲ့ စီးပွားရေးလုပ်ငန်းအတော်များများကတော့ ဒီအပြောင်းအလဲအတွက် ပြင်ဆင်ထားနှင့်ပြီးသား ဖြစ်ပါတယ်။
− ၈၀ ရာခိုင်နှုန်း (စင်ကာပူမှာ ၇၇ ရာခိုင်နှုန်း) ကတော့ အလိုအလျောက် လုပ်ဆောင်တဲ့နည်းလမ်းနဲ့ (လူအစား၊ စက်ကိုအစားထိုးသုံးပြီး) အချိန်ကုန်တာတွေကို ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြတယ်။
−၄၉ ရာခိုင်နှုန်းသော စီးပွားရေးဦးဆောင်သူတွေ (စင်ကာပူမှာ ၅၃ ရာခိုင်နှုန်း) ကတော့ Self-aware ဖြစ်ဖို့ စက်တွေကို ကြိုဆိုကြတယ်။
− APJ နဲ့ စင်ကာပူနိုင်ငံက လုပ်ငန်းရှင် တစ်ဝက်ကျော်ဟာ Networked Reality ဟာ အသစ်အဆန်းမဟုတ်တဲ့ သာမန်ကိစ္စဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
− ၆၃ ရာခိုင်နှုန်း (စင်ကာပူမှာ၇၀ ရာခိုင်နှုန်း) ကတော့ Virtual နဲ့ Reality ကြား နေ့စဉ်ရှင်သန်ရတာကို ကြိုဆိုကြပါလိမ့်မယ်။
− ၆၂ ရာခိုင်နှုန်း (စင်ကာပူမှာ ၅၇ ရာခိုင်နှုန်း) ကတော့ Brain-computer interface တွေနဲ့အဆင်ပြေပြေနေနိုင်ဖို့ (ကွန်ပျူတာအကူအညီနဲ့ သူတို့ရဲ့စိတ်ကို ထိန်းချုပ်တာ) ကို ကြိုဆိုကြပါတယ်။

စိန်ခေါ်မှုတွေဆီ သွားရောက်ခြင်း
− စစ်တမ်းကောက်ယူမှုရဲ့ ၇၈ ရာခိုင်နှုန်း (စင်ကာပူမှာ ၈၅ ရာခိုင်နှုန်း) ကတော့ ၂၀၃၀ မှာ Privacy ကို ဒီနေ့ခေတ်ထက်ပိုပြီး စိုးရိမ်ရမယ်လို့ မျှော်လင့်ထားကြပါတယ်။
− စစ်တမ်းကောက်ထားတဲ့ထဲက စီးပွားရေးဦးဆောင်သူ ၇၄ ရာခိုင်နှုန်း (စင်ကာပူမှာ ၈၆ ရာခိုင်နှုန်း) ကတော့ Privacy ကို ထိပ်တန်းလူမှုရေ:ဆိုင်ရာပြဿနာတစ်ရပ်အဖြစ် ဖြေရှင်းဖို့လိုအပ်ကြောင်း သဘောထားကြပါတယ်။
− ၄၉ ရာခိုင်နှုန်း (စင်ကာပူမှာ ၅၃ ရာခိုင်နှုန်း) ကတော့ Self-aware ဖြစ်ဖို့ စက်တွေကို ကြိုဆိုကြပါတယ်။
AI အသုံးပြုခြင်း ဆိုင်ရာ အခြားပြဿနာတွေနဲ့ စိန်ခေါ်မှုတွေအဖြစ် ၄၉ ရာခိုင်နှုန်း (စင်ကာပူမှာ ၅၄ ရာခိုင်နှုန်း) က AI အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေကို ပြတ်ပြတ်သားသားပြဌာန်းဖို့ တောင်းဆိုကြပါတယ်။
ဒစ်ဂျစ်တယ်အလျဉ်ပြတ်တောက်ခြင်းပြဿနာရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး ၈၄ ရာခိုင်နှုန်း (စင်ကာပူမှာ ၈၄ ရာခိုင်နှုန်း) က သူတို့ရဲ့အဖွဲ့အစည်းတစ်ခုလုံးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ပိုမိုကျယ်ပြန့်စွာပြုလုပ်သင့်ကြောင်း ဝန်ခံကြပါတယ်။

Ref: Dell Technologies

[Zawgyi]

၂၀၃၀ ျပည့္ႏွစ္မွာ အဆင့္ျမင့္နည္းပညာေတြက လူသားေတြရဲ႕ေနထိုင္ဆက္သြယ္မႈကို ေျပာင္းလဲေပးႏိုင္ေၾကာင္း Dell Technologies ရဲ႕ သုေတသနစစ္တမ္းက ေဖာ္ျပ

Dell Technologies ဟာ Future of connected living (အနာဂတ္ရဲ႕ လူေနမႈဆက္သြယ္ေရး) ကို ေလ့လာမႈျပဳလုပ္ခဲ့ၿပီး ေတြ႕ရွိခ်က္အခ်ိဳ႕ကို ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၁၆ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါဟာ ၂၀၃၀ ျပည့္ႏွစ္မွာ နည္းပညာေတြက လူသားေတြရဲ႕ေနထိုင္ဆက္သြယ္မႈကို ဘယ္လိုေျပာင္းလဲႏိုင္မလဲဆိုတာ ရွာေဖြေဖာ္ထုတ္တဲ့ သုေတသနအသစ္ တစ္ခုလည္း ျဖစ္ပါတယ္။

ဒီသုေတသနကို Institute for Future (IFTF) နဲ႔ Vanson Bourne တို႔က ပူးေပါင္းၿပီး စင္ကာပူအပါအဝင္၊ အာရွပစိတ္ဖိတ္နဲ႔ ဂ်ပန္ (APJ) ၁၀ ႏိုင္ငံက စီးပြားေရးဦးေဆာင္သူ ၁၁၀၀ ကို စစ္တမ္းေကာက္ယူမႈ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အနာဂတ္မွာ အဆင့္ျမင့္နည္းပညာေတြဟာ ကမာၻတစ္ဝန္းရွိ လူသားအားလုံးရဲ႕ တိုးတက္မႈကို ျဖစ္ေပၚေအာင္ တြန္းအားေပးႏိုင္မယ့္ အခြင့္အလမ္းေတြ ျပည့္ေနေၾကာင္း စစ္တမ္းကတစ္ဆင့္ ေတြ႕ရွိခဲ့ၾကပါတယ္။

Dell ကဦးေဆာင္ျပဳလုပ္ခဲ့တဲ့ သုေတသနမွာ စိတ္ဝင္စားဖြယ္၊ စိတ္လႈပ္ရွားအံ့ၾသဖြယ္ အခ်က္အလက္ေတြကို ေတြ႕ရွိခဲ့ရၿပီး ဒီထဲကမွ အဓိကအခ်က္ ငါးခ်က္ကို MyTeach Myanmar ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္။

1. Networked Reality:
လာမယ့္ဆယ္စုႏွစ္အတြင္းမွာ Cyberspace ဟာ လက္ရွိဒစ္ဂ်စ္တယ္ပတ္ဝန္းက်င္ျဖစ္တဲ့ ႐ုပ္ျမင္သံၾကားစက္ေတြ၊ စမတ္ဖုန္းေတြနဲ႔ အျခားဒီဂ်စ္တယ္ဆိုင္ရာေတြကို ေက်ာ္လြန္ၿပီး လႊမ္းၿခဳံသြားပါလိမ့္မယ္။ (ေျပာရမယ္ဆိုရင္ Virtual နဲ႔ real ၾကားမွာရွိတဲ့ ကန႔္သတ္မ်ဥ္း ပ်က္သြားပါလိမ့္မယ္။ ဒီအသြင္ေျပာင္းလဲမႈကို 5G ကြန္ရက္လိုမ်ိဳး ျမန္ႏႈန္းျမင့္နည္းပညာက ေမာင္းႏွင္သြားဖြယ္ရွိပါတယ္။)

2. Connected Mobility and Networked Matter:
အနာဂတ္ယာဥ္ေတြဟာ မိုလ္ဘိုင္းကြန္ပ်ဴတာေတြကို မလြဲမေသြလိုအပ္လာမယ္။ Virtual space မွာ အျပန္အလွန္အက်ိဳးျပဳေနၾကတဲ့အတြက္ လူေတြကလည္း ႐ုပ္ပိုင္းဆိုင္ရာ ကမာၻႀကီးထဲမွာ သြားဖို႔လိုအပ္တဲ့ေနရာဆီ ေခၚသြားဖို႔ ဒီသယ္ယူပို႔ေဆာင္ေရးစနစ္ကို ယုံယုံၾကည္ၾကည္သုံးလာၾကလိမ့္မယ္။

3. From Digital Cities to Sentient Cities:
ၿမိဳ႕ႀကီးေတြဟာ ကိုယ္ပိုင္ကြန္ရက္ဆိုင္ရာ အေျခခံအေဆာက္အဦေတြ၊ Smart Object ေတြ၊ Self-reporting စနစ္ေတြနဲ႔ AI-powered analytics ေတြကို အသုံးျပဳေနထိုင္လာၾကလိမ့္မယ္။

4. Agents and Algorithms:
အနာဂတ္မွာ လူတစ္ေယာက္ခ်င္းစီတိုင္းဟာ ျမင့္မားတဲ့ကိုယ္ပိုင္လူေနမႈဘဝအတြက္ “operating system for living” ရဲ႕ပံ့ပိုးမႈကိုရွိလာတာ ျမင္ေတြ႕ရပါလိမ့္မယ္။ ဒီစနစ္ဟာ လူေတြရဲ႕လိုအပ္ခ်က္ေတြကို ႀကိဳတင္ခန႔္မွန္းႏိုင္ၿပီး၊ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြကေန အခ်ိန္ပိုေတြထြက္လာေအာင္ ကူညီေပးပါလိမ့္မယ္။

5. The robot with Social Lives:
လူသားေတြရဲ႕ စြမ္းရည္နဲ႔ လုပ္ႏိုင္စြမ္းေတြကို တိုးခ်ဲ႕လာရာမွာ စက္႐ုပ္ေတြက လုပ္ေဖာ္ကိုင္ဖက္ေတြ ျဖစ္လာပါလိမ့္မယ္။ စက္႐ုပ္ေတြကလည္း သူတို႔ရွာေဖြေတြ႕ရွိတဲ့ အေၾကာင္းအရာသစ္ေတြကို “Social robot network” မွာ မွ်ေဝၾကၿပီး၊ တစ္ခ်ိန္တည္းမွာပဲ ဆန္းသစ္တီထြင္မႈနဲ႔ တိုးတက္မႈကို အရွိန္ျမႇင့္လာၾကပါလိမ့္မယ္။

ဒီရွာေဖြေတြ႕ရွိခ်က္နဲ႔ပတ္သက္ၿပီးေတာ့လည္း Dell Technologies ရဲ႕ အာရွပစိဖိတ္နဲ႔ ဂ်ပန္၊ Global digital Cities ရဲ႕ ဥကၠဌလည္းျဖစ္၊ Contributing expert လည္းျဖစ္တဲ့ Amit Midha က “၂၀၃၀ ျပည့္ႏွစ္မွာ ခ်ိတ္ဆက္မႈေတြ၊ နည္းပညာဆိုင္ရာဆက္ႏြယ္မႈေတြက လုံးဝကြဲျပားျခားနားလာပါလိမ့္မယ္၊ လူသားေတြနဲ႔ စက္ပစၥည္းေတြၾကားမွာ အေအာင္ျမင္ဆုံးဆက္ႏြယ္ႏႈလည္း ျဖစ္လာမယ္လို႔ ယုံၾကည္ထားပါတယ္။ လူအသီးသီးဟာ သူတို႔နဲ႔ လိုက္ဖက္တဲ့ အားသာခ်က္ျဖစ္ေအာင္ အသုံးျပဳလာမယ့္ သေကၤတ ျဖစ္လာပါလိမ့္မယ္” လို႔ မွတ္ခ်က္ေပးေျပာၾကားခဲ့ပါတယ္။

“အာရွပစိဖိတ္နဲ႔ ဂ်ပန္ႏိုင္ငံတစ္ဝန္း စစ္တမ္းေကာက္ယူခဲ့ရာမွာ စီးပြားေရးဦးေဆာင္သူ ၇၅ ရာခိုင္ႏႈန္းက စက္ေတြ၊ စက္႐ုပ္ေတြနဲ႔ ပူးေပါင္းၿပီး လူသားေတြရဲ႕ ကန႔္သတ္ခ်က္ထက္ေက်ာ္လြန္လုပ္ေဆာင္ႏိုင္တာကို ႀကိဳဆိုေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။ လူေနမႈပုံစံအသစ္ေတြကို ဖန္တီးဖို႔၊ ကုန္ထုတ္စြမ္းအားတိုးေစဖို႔၊ အလုပ္နဲ႔ေနထိုင္မႈဘဝ ပိုၿပီးဟန္ခ်က္ညီေစဖို႔၊ ၿမိဳ႕ႀကီးေတြေရရွည္တည္တံ့ခိုင္ၿမဲဖို႔ နည္းပညာေတြကို ထိန္းခ်ဳပ္အသုံးခ်ႏိုင္ပါတယ္” လို႔လည္း Amit Midha က ထပ္ေလာင္းေျပာၾကားသြားခဲ့ပါေသးတယ္။

ျမန္မာႏိုင္ငံရဲ႕ အဓိကၿမိဳ႕ေတာ္ ရန္ကုန္မွာ နည္းပညာဖြံ႕ၿဖိဳးတိုးတက္လာမႈနဲ႔ပတ္သက္ၿပီး “တိုးတက္လာတဲ့နည္းပညာေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ဘဝေတြကို မႀကဳံစဖူးနည္းလမ္းေတြနဲ႔ ေျပာင္းလဲေပးေနပါတယ္။ ၿပီးေတာ့ ဒီေခါင္းစဥ္ကလည္း အာရွပစိဖိတ္နဲ႔ဂ်ပန္ အျပင္ ျမန္မာႏိုင္ငံနဲ႔လည္း သက္ဆိုင္ပါတယ္။ ျမန္မာႏိုင္ငံဟာ ျမန္ျမန္ဆန္ဆန္ပဲ ဖြံ႕ၿဖိဳးတိုးတက္ေနတာပါ။ ဒါဟာ Dell Technologies အတြက္ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ေဖာက္သည္ေတြနဲ႔ စီးပြားေရးကုမၸဏီေတြဟာ အနာဂတ္မွာ လူသားနဲ႔စက္ကိရိယာေတြ ဘယ္လိုပူးေပါင္းေဆာင္႐ြက္ၾကမလဲဆိုတာကို သိရွိနားလည္လာေအာင္လည္း ဆက္ၿပီးေလ့လာသြားမွာပါ” လို႔ Asia Emerging Markets (AEM), Dell Technologies ရဲ႕ ဒုတိယဥကၠဌ Anothai Wettayakorn က ေျပာၾကားခဲ့ပါတယ္။

၂၀၃၀ မွာျဖစ္လာမယ့္ အနာဂတ္ရဲ႕လူမႈဆက္သြယ္ေရး အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြအေနနဲ႔ သိထားသင့္တဲ့အခ်က္ႏွစ္ခ်က္က အေျပာင္းအလဲကို ႀကိဳတင္ေမွ်ာ္မွန္းထားျခင္းနဲ႔ စိန္ေခၚမႈေတြဆီ သြားေရာက္ျခင္း ပဲျဖစ္ပါတယ္။

အေျပာင္းအလဲကို ႀကိဳတင္ေမွ်ာ္မွန္းထားျခင္း
APJ မွာရွိတဲ့ စီးပြားေရးလုပ္ငန္းအေတာ္မ်ားမ်ားကေတာ့ ဒီအေျပာင္းအလဲအတြက္ ျပင္ဆင္ထားႏွင့္ၿပီးသား ျဖစ္ပါတယ္။
− ၈၀ ရာခိုင္ႏႈန္း (စင္ကာပူမွာ ၇၇ ရာခိုင္ႏႈန္း) ကေတာ့ အလိုအေလ်ာက္ လုပ္ေဆာင္တဲ့နည္းလမ္းနဲ႔ (လူအစား၊ စက္ကိုအစားထိုးသုံးၿပီး) အခ်ိန္ကုန္တာေတြကို ျပင္ဆင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ၾကတယ္။
−၄၉ ရာခိုင္ႏႈန္းေသာ စီးပြားေရးဦးေဆာင္သူေတြ (စင္ကာပူမွာ ၅၃ ရာခိုင္ႏႈန္း) ကေတာ့ Self-aware ျဖစ္ဖို႔ စက္ေတြကို ႀကိဳဆိုၾကတယ္။
− APJ နဲ႔ စင္ကာပူႏိုင္ငံက လုပ္ငန္းရွင္ တစ္ဝက္ေက်ာ္ဟာ Networked Reality ဟာ အသစ္အဆန္းမဟုတ္တဲ့ သာမန္ကိစၥျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။
− ၆၃ ရာခိုင္ႏႈန္း (စင္ကာပူမွာ၇၀ ရာခိုင္ႏႈန္း) ကေတာ့ Virtual နဲ႔ Reality ၾကား ေန႔စဥ္ရွင္သန္ရတာကို ႀကိဳဆိုၾကပါလိမ့္မယ္။
− ၆၂ ရာခိုင္ႏႈန္း (စင္ကာပူမွာ ၅၇ ရာခိုင္ႏႈန္း) ကေတာ့ Brain-computer interface ေတြနဲ႔အဆင္ေျပေျပေနႏိုင္ဖို႔ (ကြန္ပ်ဴတာအကူအညီနဲ႔ သူတို႔ရဲ႕စိတ္ကို ထိန္းခ်ဳပ္တာ) ကို ႀကိဳဆိုၾကပါတယ္။

စိန္ေခၚမႈေတြဆီ သြားေရာက္ျခင္း
− စစ္တမ္းေကာက္ယူမႈရဲ႕ ၇၈ ရာခိုင္ႏႈန္း (စင္ကာပူမွာ ၈၅ ရာခိုင္ႏႈန္း) ကေတာ့ ၂၀၃၀ မွာ Privacy ကို ဒီေန႔ေခတ္ထက္ပိုၿပီး စိုးရိမ္ရမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။
− စစ္တမ္းေကာက္ထားတဲ့ထဲက စီးပြားေရးဦးေဆာင္သူ ၇၄ ရာခိုင္ႏႈန္း (စင္ကာပူမွာ ၈၆ ရာခိုင္ႏႈန္း) ကေတာ့ Privacy ကို ထိပ္တန္းလူမႈေရ:ဆိုင္ရာျပႆနာတစ္ရပ္အျဖစ္ ေျဖရွင္းဖို႔လိုအပ္ေၾကာင္း သေဘာထားၾကပါတယ္။
− ၄၉ ရာခိုင္ႏႈန္း (စင္ကာပူမွာ ၅၃ ရာခိုင္ႏႈန္း) ကေတာ့ Self-aware ျဖစ္ဖို႔ စက္ေတြကို ႀကိဳဆိုၾကပါတယ္။
AI အသုံးျပဳျခင္း ဆိုင္ရာ အျခားျပႆနာေတြနဲ႔ စိန္ေခၚမႈေတြအျဖစ္ ၄၉ ရာခိုင္ႏႈန္း (စင္ကာပူမွာ ၅၄ ရာခိုင္ႏႈန္း) က AI အသုံးျပဳျခင္းဆိုင္ရာ စည္းမ်ဥ္းဥပေဒကို ျပတ္ျပတ္သားသားျပဌာန္းဖို႔ ေတာင္းဆိုၾကပါတယ္။
ဒစ္ဂ်စ္တယ္အလ်ဥ္ျပတ္ေတာက္ျခင္းျပႆနာရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး ၈၄ ရာခိုင္ႏႈန္း (စင္ကာပူမွာ ၈၄ ရာခိုင္ႏႈန္း) က သူတို႔ရဲ႕အဖြဲ႕အစည္းတစ္ခုလုံးမွာ ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းမႈကို ပိုမိုက်ယ္ျပန႔္စြာျပဳလုပ္သင့္ေၾကာင္း ဝန္ခံၾကပါတယ္။

Ref: Dell Technologies