Dogee ဟာ ဖုန်းတွေမှာ ကြီးမားတဲ့ Battery ထည့်သွင်းရောင်းချလေ့ရှိလို့ နာမည်ကြီးပါတယ်။ အခုလည်း Doogee S119 ကို ကြေညာလိုက်ပြီး ထူးခြားတာက အနောက်ဘက်မှာ အပို Display တပ်ဆင်ထားကာ စမတ်နာရီ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

Doogee S119

အဲဒီဖုန်းရဲ့ အနောက်ဘက်မှာ 1.32” 360x360p Display အပို တပ်ဆင်ထားပြီး Watch Face နဲ့ တူပါတယ်။ အဲဒီမှာ Notification တွေကို ကြည့်နိုင်ပြီး ဖုန်း လက်ခံပြောနိုင်ပါတယ်။ သီချင်းကို ထိန်းချုပ်နိုင်ပြီး Clock Dials ရဲ့ Font နဲ့ အရောင်တွေကို ပြောင်းလဲနိုင်ပါတယ်။ ပင်မ Display က 6.72” Full HD+ ဖြစ်ပါတယ်။

DOOGEE S119: The Ultimate Family Phone is Coming Soon!

Doogee S119 မှာ MediaTek MT8788 Octa-core Processor မောင်းနှင်ထားပြီး 8GB LPDDR4 RAM ပါလာကာ 24GB Virtual RAM အထိ တိုးမြှင့်နိုင်ပါတယ်။ 512GB Storage ထည့်ထားပြီး 2TB microSD Card စိုက်နိုင်ပါတယ်။ Android 14 ထည့်ထားပါတယ်။

အနောက်ဘက်မှာ 108MP Main , 20MP Night Vision နဲ့ 5MP Ultra-wide ကင်မရာ ၃ လုံး၊ အရှေ့ဘက်မှာ 16MP  ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

အဲဒီဖုန်းရဲ့ ထူးခြားချက်က 10,2000mAh Battery ဖြစ်ပြီး တစ်ခါအားသွင်းထားရင် ရက်ပေါင်းများစွာ အသုံးခံပါတယ်။ 33W Fast Charging ပါလာပြီး IP68, IP69K , MIL-STD-810H Certification ပါပါတယ်။

Doogee S119 ကို ၃၃၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး တရားဝင် Doogee Website ကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : Gizmochina