Doogee ဟာ ဇူလိုင်လကုန်မှာ ထုတ်ကုန်အသစ်များစွာကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီအထဲမှာ X97 Series, D11 စမတ်နာရီ, D09 စမတ်နာရီ , S89 Pro နဲ့ S61 Series တို့ ပါပါတယ်။ အားလုံးထဲမှာ အကြမ်းခံတဲ့ S89 Pro က စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်ပြီး အရွယ်အစား အရမ်း ကြီးမားတဲ့ 12,000mAh ဘက်ထရီနဲ့ 65W Fast Charger ပါလာမှာပါ။

S89 Pro

စက်ရုပ် ပုံသဏ္ဍာန် ကင်မရာ Bump နဲ့ RGB Light-emitting Eyes က အထင်ရှားဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်။ Pattern, Speed နဲ့ အရောင်တွေကို သင်ကြိုက်သလို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ Alerts , Incoming Call နဲ့ Voice Command တွေအတွက် သီးသန့် အရောင်တွေ ထားရှိနိုင်ပါတယ်။ Effect တွေကို သီချင်းနဲ့ Synchronizing လုပ်နိုင်တာက တကယ်မိုက်ပါတယ်။

12,000 MAh And 65 W, IP69K Protection, 64 MP And NFC For $240. Doogee S89 Pro Batsmartphone Launched In China - Gadget Tendency

IP68 နဲ့ IP69K စံနှုန်းတွေ ပါတဲ့အတွက် S89 Pro ဟာ တော်တော် အကြမ်းခံပါတယ်။ ရေစက်ရေပေါက်တွေကို သာမက ရေထဲနှစ်ပြီးတောင် အသုံးပြုနိုင်ပါတယ်။ အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ပြီး ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်တွေမှာ အသုံးပြုလို့ ရပါတယ်။ MIL-STD-810H စံနှုန်းကြောင့် ဒီလို အကြမ်းခံတာပါ။ MediaTek P90 Chipset , 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး 512GB micro SD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 64MP Sony Main , 20MP Night Vision ,8MP Wide Angle ကင်မရာ ၃ လုံး နဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ၆.၃ လက်မ LCD FHD+ မျက်နှာပြင် ပါလာမှာပါ။ Android 12 OS မောင်းနှင်ထားမှာ ဖြစ်ပြီး ဒီလ ၂၅ ရက်ကနေ ၂၉ ရက်အတွင်း AliExpress နဲ့ Doogeemall တို့ကနေ ရောင်းမှာပါ။ ၃၁၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅၉၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gizchina