ဒူဘိုင်း ရဲဌာနဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ပထမဆုံး NFT Collection ကို ဖြန့်ချိခဲ့ပြီး လူပေါင်း ၂၃ သန်းနီးပါးက အဲဒီ NFT တွေကို စိတ်ဝင်စားခဲ့ပါတယ်။ အခုတော့ ဒူဘိုင်း ရဲဌာနက ဒုတိယမြောက် NFT Collection ကို ဖြန့်ချိတော့မှာ ဖြစ်ပြီး ဒီနှစ်ရဲ့  The Gulf Information Technology Expo (GITEX) မှာ အကောင်အထည်ဖော်မှာပါ။

Dubai Police to Release Second Bunch of NFTs | Blockchain News

ဒူဘိုင်း ရဲဌာနဟာ ပထမဆုံး NFT Collection ကို ဖြန့်ချိပြီးနောက်မှာ UAE မှာ NFT တွေ ဖြန့်ချိတဲ့ ပထမဆုံး အစိုးရ ဖြစ်လာသလို ကမ္ဘာမှာ NFT ဖြန့်ချိတဲ့ ပထမဆုံး ရဲဌာန ဖြစ်လာပါတယ်။ အဲဒီအချိန်ကတည်းက တိုကင်တွေကို စိတ်ဝင်စားသူတွေဆီကနေ Message ၇,၀၀၀ ကျော် ရရှိခဲ့တယ်လို့ ဒူဘိုင်း ရဲဌာနက ပြောပါတယ်။

Dubai Police to Release its Second NFTs Collection

ဒူဘိုင်း ရဲဌာနရဲ့ ဉာဏ်ရည်တု နည်းပညာ ဌာနခွဲမှ ဒါရိုက်တာ Khalid Nasser AI Razooqi က “ ပါဝင်သူအားလုံးကို ဒစ်ဂျစ်တယ် Wallet လိပ်စာတွေကို အတည်ပြုဖို့ ဆက်သွယ်မှာ ဖြစ်ပြီး လိုအပ်ချက်တွေနဲ့ ကိုက်ညီသူတွေထဲက ၁၅၀ ကို NFT တွေ အခမဲ့ ပေးမှာပါ။ “ လို့ ပြောပါတယ်။

ဒါရိုက်တာက ပထမ NFT Collection လိုပဲ ဒူဘိုင်း ပြင်ပက လူတွေဟာလည်း ဒူဘိုင်း ရဲဌာနရဲ့ NFT တွေကို အခကြေးငွေ ပေးစရာ မလိုဘဲ ရရှိနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ပြောပါတယ်။

AI Razooqi က ဒူဘိုင်း ရဲဌာနရဲ့ NFT Collection ကို စိတ်ဝင်စားတဲ့ နိုင်ငံတွေအကြောင်းကို ပြောပြခဲ့ပြီး အဲဒီ နိုင်ငံတွေထဲမှာ UAE, Nigeria, India, the United States of America နဲ့ Saudi Arabia တို့ ပါဝင်ပါတယ်။ ဒူဘိုင်း ရဲဌာနရဲ့ NFT သတင်းတွေကို  အဲဒီ နိုင်ငံတွေက ကြည့်ရှုတဲ့ အရေအတွက်ဟာ ၅၈၉,၁၇၃ ရှိပါတယ်။ တွစ်တာမှာ ၄၁၈,၆၉၃ ကြိမ်၊ Facebook မှာ ၂၄,၂၈၂ ကြိမ်နဲ့ Instagram မှာ ၁၄၆,၁၉၈ ကြိမ် ရှိပါတယ်။

Ref : news.bitcoin