ဒူဘိုင်းက တက္ကစီ လေယာဉ်ကို ပြသလိုက်ပြီး မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်ကို ဆန်းသစ်တော့မှာ ဖြစ်ပါတယ်။ ဒူဘိုင်းဟာ စမတ်ကျပြီး ရေရှည်တည်တန့်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီ တက္ကစီ လေယာဉ်ကို Joby Aviation က တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒူဘိုင်းဟာ မောင်းသူမဲ့ တက္ကစီ လေယာဉ်တွေကို အသုံးပြုဖို့ ကြိုးစားနေပြီး ၂၀၃၀ ခုနှစ်မှာ ခရီးစဉ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို မောင်းသူမဲ့ တက္ကစီ လေယာဉ်တွေ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။ ဒူဘိုင်း သယ်ယူပို့ဆောင်ရေ အာဏာပိုင် (RTA) ရဲ့ သယ်ယူပို့ဆောင်ရေး စနစ် ဒါရိုက်တာ Khaled AI Awadhi က ဒူဘိုင်းဟာ တက္ကစီ လေယာဉ် ဝန်ဆောင်မှုလုပ်ငန်းမှာ ကမ္ဘာမှာ ပထမဆုံး ဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။ အဲဒီ ဝန်ဆောင်မှုကို ၂၀၂၆ ခုနှစ်မှာ စတင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
Joby S4 တက္ကစီ လေယာဉ်ဟာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုတဲ့ VTOL အမျိုးအစား ဖြစ်ပါတယ်။ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက် အဆင်းပြုလုပ်နိုင်ပါတယ်။ ခရီးသည် ၄ ယောက်နဲ့ ပိုင်းလော့ ၁ ယောက်ကို သယ်ဆောင်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၁၆၁ ကီလိုမီတာကို တစ်နာရီကို ၃၂၂ ကီလိုမီတာ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
မြို့တွင်းမှာ ခရီးသွားချိန်နဲ့ ကာဘွန် ထုတ်လုပ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဥပမာ အနေနဲ့ ဒူဘိုင်း နိုင်ငံတကာ လေဆိပ် ကနေ Palm Jumeirah ကို ကားနဲ့ သွားရင် ၄၅ မိနစ် ကြာမြင့်ပြီး တက္ကစီ လေယာဉ်နဲ့ သွားရင် ၁၂ မိနစ်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။
Ref : myelectricsparks