Dust 2 ဆိုတာ ၂၀၀၀ ခုနှစ်အစောပိုင်းကာလတွေကနေ အခုထိ Counter-Strike ဂိမ်းကစားဖူးသူတိုင်း သိကြတဲ့ လူကြိုက်အများဆုံး Map တစ်ခုပါပဲ။ အဆိုပါ Dust 2 ကို အခုတော့ Fortnite ဂိမ်းကစားသူတွေလည်း ဆော့ကစားနိုင်ဖို့ အခွင့်အလမ်းပေါ်လာပြီး Fortnite Creative Map Makers အဖွဲ့တစ်ခုဖြစ်တဲ့ Team Evolve ကနေ ထုတ်လုပ်ပေးလာမှာပါ။

Team Evole ဟာ မူရင်း Dust 2 နဲ့ အသွင်သဏ္ဍာန်တူအောင် သူတို့ရဲ့ Creative Map ကို ကြိုးစားအားထုတ်ထားတာ သိသာပါတယ်။ Counter-Strike က First-person အမြင်ကနေ ကစားရတဲ့ Shooter ဂိမ်းဖြစ်ပြီး Fortnite ကတော့ Third-person အမြင်ဖြစ်ပါတယ်။

Dust 2 ဟာ မူလ Counter-strike ဂိမ်းတစ်ခုတည်းတင် မဟုတ်ဘဲ ဗီဒီယိုဂိမ်းသမိုင်းတလျှောက်မှာလည်း လူသိအများဆုံးနေရာတွေထဲက တစ်ခုဆိုရင် မမှားပါဘူး။ Counter-Strike စီးရီး စတင်ရာ 1.1 ဗားရှင်းထဲက ရှိခဲ့ပြီး အခုချိန်ထိ လူကြိုက်များမှု ကျဆင်းမသွားသေးတဲ့ ထူးထူးခြားခြား Icon တစ်ခုဖြစ်ပါတယ်။

အခြားဂိမ်းတွေမှာဆိုရင် Custom Map လို့ ပြောရမယ့် Fortnite အတွက် Dust 2 စတိုင်လ် Map ကိုတော့ အသစ်ထွက်လာတဲ့ Search and Destroy Limited-time Mode ထဲမှာ ကစားနိုင်မှာပါ။ သူ့ရဲ့ Code ကိုရဖို့အတွက် ဖန်တီးသူ Team Evolve ရဲ့တွစ်တာကို Follow ထားရမှာဖြစ်ပါတယ်။

Ref – ONE Esports