UCLA က ဦးဆောင်တဲ့ နိုင်ငံတကာ သုတေသနအဖွဲ့ဟာ စက္ကန့်ပိုင်းအတွင်း အားသွင်းနိုင်ပြီး အကြိမ်ရေ ၁၂,၀၀၀ ကျော် (အနှစ် ၃၀ ကျော် နေ့စဉ်အားသွင်းတာနဲ့ ညီမျှ) အသုံးပြုနိုင်တဲ့ နီကယ်-သံ (nickel-iron) ဘက်ထရီ ပုံစံငယ်ကို တီထွင်လိုက်ပါတယ်။

Edison-inspired battery charges in seconds, endures 12,000 cycles for decades

အဲဒီနည်းပညာဟာ အားသွင်းမြန်ဆန်ပြီး စွမ်းအင်ထုတ်လွှတ်မှု အားကောင်းတာကြောင့် နေ့လယ်ဘက် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတွေကနေ ထွက်ရှိတဲ့ ပိုလျှံလျှပ်စစ်စွမ်းအင်တွေကို သိုလှောင်ထားပြီး ညဘက်မှာ ပြန်လည်အသုံးပြုဖို့၊ ဒါမှမဟုတ် ဒေတာစင်တာတွေမှာ အရန်စွမ်းအင်အဖြစ် အသုံးပြုဖို့ အထူးသင့်လျော်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ လစ်သီယမ်အိုင်းယွန်း (lithium-ion) ဘက်ထရီတွေရဲ့ စွမ်းအင်သိပ်သည်းဆကိုတော့ မမီသေးပါဘူး။

Scientists modernize battery proposed by Thomas Edison in 1901; prototype  recharges in seconds, withstands 12 cycles and aims for renewable energy -  CPG Click Oil and Gas

ဒီဘက်ထရီမှာ လူ့ဆံပင်တစ်မျှင်စာ အကျယ်အတွင်းမှာ ၁၀,၀၀၀ ကနေ ၂၀,၀၀၀ အထိ ဆံ့နိုင်တဲ့ ၅ နာနိုမီတာထက် သေးငယ်တဲ့ နီကယ်နဲ့ သံ အမှုန်လေးတွေကို အသုံးပြုထားပါတယ်။ ဒီလို သေးငယ်တဲ့ အရွယ်အစားကို အသုံးပြုခြင်းအားဖြင့် လျှပ်ကူးပစ္စည်းရဲ့ မျက်နှာပြင်ဧရိယာကို ကျယ်စေပြီး အက်တမ်တိုင်းနီးပါး ဓာတုတုံ့ပြန်မှုမှာ ပါဝင်နိုင်စေပါတယ်။ ဒါကြောင့် အရင်က ၇ နာရီကြာ အားသွင်းရမယ့်အစား အခုအခါ စက္ကန့်ပိုင်းအတွင်း အားအပြည့်သွင်းနိုင်တာ ဖြစ်ပါတယ်။

ဒီတီထွင်မှုဟာ ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က သောမတ်စ် အက်ဒီဆင်  ရဲ့ နီကယ်-သံ ဓာတုဗေဒနည်းပညာကို အခြေခံထားတာပါ။ အရင်က ကြုံတွေ့ခဲ့ရတဲ့ လျှပ်ကူးမှုပြဿနာတွေကို ဖြေရှင်းဖို့အတွက် UCLA ရဲ့ ပုံစံငယ်အသစ်မှာ 2D ဂရပ်ဖင်း (graphene) နဲ့ အမဲသားထုတ်လုပ်မှုကနေ ရရှိတဲ့ ပရိုတင်းတွေကို အသုံးပြုထားပါတယ်။

လက်ရှိမှာတော့ သုတေသီတွေဟာ ဒီနည်းပညာနဲ့ တခြားသတ္တုတွေကို အသုံးပြုနိုင်ဖို့ လေ့လာနေကြပြီး ပိုမိုလွယ်ကူစွာ ထုတ်လုပ်နိုင်ဖို့အတွက် သဘာဝ ပိုလီမာ (polymers) တွေကို အစားထိုး အသုံးပြုဖို့ စမ်းသပ်နေကြပါတယ်။ ဒီဘက်ထရီဟာ ဆယ်စုနှစ်များစွာ အသုံးခံနိုင်တာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို သိုလှောင်ဖို့နဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်မှာ ချက်ချင်း အစားထိုး အသုံးပြုနိုင်ဖို့အတွက် အကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။

Ref : msn