ဒေါ်လာ ၂၀၀ အောက် တန်ဖိုးနဲ့ သင့်တင့်တဲ့ Specs ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို အသုံးပြုချင်ရင်တော့ ဩဂုတ် ၁၂ ရက်နေ့က စပြီး စျေးကွက်ထဲ ရောက်ရှိလာတော့မယ့် Elephone U5 ကို လေ့လာကြည့်သင့်ပါတယ်။

တရုတ်စျေးကွက်ကို စတင်ရောက်ရှိလာမယ့် Elephone U5 ဟာ သူတို့ရဲ့ တရားဝင် ဝက်ဆိုက်ပေါ်မှာ ဒေါ်လာ ၁၈၉.၉ (မြန်မာငွေ ၂ သိန်း ၆ သောင်း) ခန့်နဲ့ စာရင်းတင်ထားတာကို တွေ့ရှိရပြီး သူ့ရဲ့ Specs အပြည့်အစုံကိုလည်း ဖော်ပြထားပါတယ်။

U5 ဟာ 6.4” FHD+ Display တစ်ခု ပါဝင်ပြီး Punch-hole ဆဲလ်ဖီးကင်မရာနဲ့ သေးငယ်တဲ့ Bezel ဘောင်တွေ ပါဝင်ပါတယ်။ Punch-hole ထဲမှာတော့ 24MP ဆဲလ်ဖီးကင်မရာလေးကို တွေ့ရမှာပါ။ အတွင်းမှာ Helio P60 ချစ်ပ်ဆက် နဲ့အတူ 4GB RAM / 128GB Storage မန်မိုရီ ပါဝင်တာကြောင့် အတော်လေး သင့်တင့်တဲ့ Specs ဖြစ်ပါတယ်။

ဒါ့အပြင် U5 မှာ Slot သုံးခု ပါတဲ့အတွက် Dual-SIM နဲ့ MicroSD တို့ကို တပြိုင်တည်း အသုံးပြုနိုင်ဦးမှာပါ။ ကင်မရာပိုင်း မှာလည်း 48MP အဓိက ကင်မရာ ဦးဆောင်တဲ့ Quad-camera ပါဝင်တာပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး Fingerprint Reader ကို ဘေးဘက်မှာပဲ ထည့်သွင်းထားတယ်။ Android 10 OS နဲ့ အသုံးပြုရမှာပါ။

Ref – GizmoChina