ခေတ်သစ်သမိုင်းမှာ မကြုံစဖူး ထူးခြားတဲ့ မှတ်တိုင်တစ်ခုကို အီလွန်မတ်စ် က စိုက်ထူလိုက်နိုင်ပါပြီ။ အဲဒါကတော့ သူ့ရဲ့ ကြွယ်ဝချမ်းသာမှု ပမာဏဟာ ဒေါ်လာ ၈၅၀ ဘီလီယံကို ကျော်လွန်သွားတာပဲ ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရဆိုရင် မတ်စ်ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၈၅၂ ဘီလီယံလောက်အထိ ရှိနေပြီး ဒုတိယနေရာက လူတွေ လိုက်မမီနိုင်လောက်တဲ့ အကွာအဝေးနဲ့ ကမ္ဘာ့အချမ်းသာဆုံး နေရာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်တာ ဖြစ်ပါတယ်။

De-Dollarization: Elon Musk Warns On The Future Of The US Dollar

ဒီလို မိုးထိအောင် ချမ်းသာလာရတဲ့ အဓိက အကြောင်းရင်းကတော့ Tesla ရဲ့ ရှယ်ယာဈေးတွေ တဟုန်ထိုး တက်လာတာကြောင့်ပါ။ လျှပ်စစ်ကား ရောင်းအား ပိုကောင်းလာမယ့် အလားအလာတွေ၊ မောင်းသူမဲ့ နည်းပညာနဲ့ AI ပိုင်းဆိုင်ရာ တိုးတက်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက Tesla ကို ပြန်ပြီး မျက်စိကျလာကြပါတယ်။ မတ်စ်ဟာ Tesla မှာ ရှယ်ယာအများအပြား ပိုင်ဆိုင်ထားတာမို့ ကုမ္ပဏီ ရှယ်ယာဈေး နည်းနည်းတက်ရုံနဲ့တင် သူ့ရဲ့ ပိုင်ဆိုင်မှုက ဘီလီယံနဲ့ချီပြီး တိုးပွားလာလေ့ ရှိပါတယ်။

Elon Musk email to X staff: 'we're barely breaking even' | The Verge

ဒါတင်မကသေးပါဘူး၊ SpaceX ကုမ္ပဏီကလည်း ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီအဖြစ် ဂုဏ်သတင်း ကြီးမားနေဆဲ ဖြစ်ပါတယ်။ စီးပွားဖြစ် ဒုံးပျံလွှတ်တင်မှုတွေနဲ့ Starlink အင်တာနက် လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ အောင်မြင်နေတာကြောင့် SpaceX ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ ထရီလီယံနီးပါးကို ရောက်ရှိလာပါပြီ။ ဒီကုမ္ပဏီမှာ မတ်စ် ပိုင်ဆိုင်တဲ့ ရှယ်ယာပမာဏကလည်း မနည်းမနောမို့ ဒါဟာ သူ့ရဲ့ ကြွယ်ဝမှုကို ပိုပြီး ဖြည့်ဆည်းပေးနေတဲ့ ရွှေအိုးကြီး တစ်လုံးပါပဲ။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာကတော့ မတ်စ်ရဲ့ xAI ကုမ္ပဏီပါ။ ကမ္ဘာတစ်ဝန်း AI နည်းပညာ အပြိုင်အဆိုင် ဖြစ်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတွေက ဒီလုပ်ငန်းကို အာရုံစိုက်လာကြပါတယ်။ ရှယ်ယာဈေးကွက် သဘောသဘာဝအရ အတက်အကျ ရှိနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ မတ်စ်ဟာ တခြား နည်းပညာ ဘီလီယံနာတွေထက် အဆပေါင်းများစွာ သာလွန်နေပါတယ်။ ဒီမှတ်တိုင်က ပုဂ္ဂိုလ်ရေး ကြွယ်ဝမှုတင်မကဘဲ နည်းပညာ၊ အာကာသနဲ့ AI ကဏ္ဍတွေ ဘယ်လောက်တောင် အားကောင်းမောင်းသန် ဖြစ်နေလဲဆိုတာကို သက်သေပြနေပါတယ်။

Ref : moneycontrol