Tesla နဲ့ SpaceX တို့ရဲ့ ပိုင်ရှင် Elon Musk ဟာ လူတွေ စိတ်ဝင်စားတဲ့ ကမ်းလှမ်းမှုတွေကို မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်။ အခုလည်း သူက Facebook ကို Faceboob လို့ နာမည်ပြောင်းရင် ဒေါ်လာ ၁ ဘီလီယံ ပေးမယ်လို့ Meta CEO ဇူဇူကို ရန်စလိုက်ပါတယ်။

Musk ရဲ့ ကမ်းလှမ်းမှုကို BabylonBee သတင်း ဝက်ဘ်ဆိုက်က X (Twitter) မှာ မျှဝေထားတာ ဖြစ်ပြီး Musk ကလည်း မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ Musk က BabylonBee ရဲ့ ပို့စ်ကို ပြန်လည် မျှဝေထားပြီး ဒါဟာ ပိုကောင်းတဲ့ နာမည်လို့ ရေးသားထားပါတယ်။ အဲဒီပို့စ်ကို ကြည့်ရှုသူ အရေအတွက်ဟာ ၆၅.၅ သန်းကျော်သွားခဲ့ပါတယ်။

Musk နဲ့ ဇူဇူတို့ဟာ ဒီနှစ် အစောပိုင်းမှာ ကြိုးဝိုင်းထဲမှာ ထိုးဖို့ အပြန်အလှန် စိန်ခေါ်ခဲ့ကြပါတယ်။ အီတလီက Coliseum မှာ ထိုးဖို့ ပြောကြားထားကြပေမယ့် ဇူဇူ က Musk ဟာ ထိုးသတ်ဖို့ လေးလေးနက်နက် စိတ်ဆန္ဒ မရှိခဲ့ဘူးလို့ စွပ်စွဲခဲ့ပါတယ်။ သူတို့ ၂ ယောက်ရဲ့ အွန်လိုင်း စကားစစ်ထိုးပွဲဟာ လူသန်းပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

Musk ဟာ အရင်ကလည်း Wikipedia ကို Dickipedia လို့ နာမည်ပြောင်းရင် ဒေါ်လာ ၁ ဘီလီယမ် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ အဲဒီ နာမည်ကို ၁ နှစ်ပဲ ပြောင်းရမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Ref: indiatoday