Tesla ဟာ စမတ်ဖုန်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းတွေထွက်နေတာ တော်တော်ကြာပါပြီ။ အဲဒီ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို ခန့်မှန်းရေးဆွဲထားတဲ့ ဓါတ်ပုံတွေလည်း များစွာ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ELON MUSK IS LAUNCHING 6G PHONE. There's speculation about a potential… | by ATHARV AMBADE | Medium

အခုတော့ Elon Musk က Tesla စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။ သူက Livestream ၁ ခုမှာ Starship ၊  Tesla နဲ့  ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောကြားရင်းနဲ့ Tesla စမတ်ဖုန်း မထုတ်လုပ်ဘူးဆိုတာကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

What Is the Tesla Phone?

ပြီးခဲ့တဲ့နှစ်မှာ Musk ဟာ တွစ်တာကို ဝယ်ယူပြီးနောက် ထူးခြားဆန်းသစ်တဲ့  ဖုန်း ၁ လုံးကို ထုတ်လုပ်ရောင်းချမယ်လို့ အရိပ်အမြွက် ပြောကြားပြီးနောက်မှာ Tesla စမတ်ဖုန်း အကြောင်း နာမည်ကြီးသွားစေခဲ့ပါတယ်။ အခုတော့ Musk ကိုယ်တိုင်က Tesla စမတ်ဖုန်း မထွက်လာတော့ဘူးလို့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

Tesla ဟာ ၂၀၂၂ ခုနှစ်တုန်းက ကြိုးမဲ့ စမတ်ဖုန်း Charger ၁ ခုကို ရောင်းချခဲ့တဲ့အတွက်လည်း စမတ်ဖုန်း ထုတ်လုပ်ရောင်းချနိုင်တယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ Tesla ရဲ့ Wireless Charger ဟာ Device ၃ ခုကို တစ်ပြိုင်နက် အးသွင်းပေးနိုင်ပြီး Qi Wireless Charging နည်းပညာကို အသုံးပြုထားပါတယ်။ အားသွင်းအမြန်နှုန်းက 15W ဖြစ်ပါတယ်။

Ref : benzinga