အီလွန်မက်စ်က Tesla ရဲ့ Robotaxi ခေါ် မောင်းသူမဲ့အငှားကားဝန်ဆောင်မှုကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ ဇွန်လ ၂၂ ရက်နေ့မှာ စတင်နိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရက်စွဲမှာ အပြောင်းအလဲရှိနိုင်တယ်လို့ ဆိုပါတယ်။
သူရဲ့ X လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပို့စ်တစ်ခုမှာ “ဘေးကင်းလုံခြုံရေးအတွက် အလွန်အမင်းစိုးရိမ်ပြီး သတိထားနေတဲ့အတွက်” နောက်ဆုံးစစ်ဆေးမှုတွေပေါ်မူတည်ပြီးမှသာ ဝန်ဆောင်မှုကို စတင်သွားမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲဒီ ဝန်ဆောင်မှုကို အော်စတင်မြို့ရဲ့ ကန့်သတ်ဧရိယာတစ်ခုအတွင်း စက်ရုပ်တက္ကစီ ၁၀ စီး မှ စီး ၂၀ ကြားဖြင့် စတင်မှာဖြစ်ပြီး၊ အထူးပြုပြင်ထားတဲ့ Model Y SUV ကားတွေ ဖြစ်ကြပါတယ်။ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် ကားတစ်စီးချင်းစီကို လူသားတွေက အဝေးကနေပြီး ကြီးကြပ်ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။
Robotaxi တွေဟာ Tesla ရဲ့ Full Self-Driving (FSD) ဆော့ဖ်ဝဲလ်ကို အသုံးပြုထားမှာဖြစ်ပါတယ်။ မက်စ်က “Robotaxi” ဟု တံဆိပ်တပ်ထားသော မောင်းသူမဲ့ Model Y ကားတစ်စီး အော်စတင်မြို့ရဲ့ လမ်းမပေါ်မှာ သွားလာနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း မျှဝေခဲ့ပါတယ်။
သူက ကားဝယ်ထားတဲ့ သူရဲ့ အိမ်ကို စက်ရုံကနေ ကားက အလိုအလျှောက် မောင်းနှင်ပြီး ပို့ဆောင်ပေးတာကိုလည်း ဇွန်လ ၂၈ ရက်နေ့မှာ တွေ့မြင်ရမယ်လို့ ပြောပါတယ်။
Ref : Technology Innovation