Elon Musk ရဲ့ xAI ကုမ္ပဏီက နောက်ဆုံးထုတ် AI Chatbot ဖြစ်တဲ့ Grok 3 ကို ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ “ကမ္ဘာမှာ စမတ်အကျဆုံး AI “ လို့ ကြွေးကြော်ထားပြီး X လူမှုကွန်ရက် ပလက်ဖောင်းမှာ Grok 3 ရဲ့ စွမ်းဆောင်ရည် ကို သရုပ်ပြသမှာ ဖြစ်ပါတယ်။
Grok 3 ကို Synthetic Data နဲ့ လေ့ကျင့်ပေးထားပြီး သူ့ရဲ့ အမှားတွေကို ကိုယ်တိုင် လေ့လာနိုင်ကာ နောက်ပိုင်းမှာ တိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။ Grok 3 ကို X မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Elon Musk က Grok 3 ဟာ ကြောက်စရာကောင်းလောက်အောင် စမတ်ကျတယ်လို့ ပြောပါတယ်။ Chatbot ဟာ အတိတ်က အမှားတွေကို သင်ယူကာ ပြန်လည် ပြင်ဆင်နိုင်ပါတယ်။
Grok 3 ဟာ xAI ရဲ့ Colossus Supercomputer မှာ မောင်းနှင်မယ်လို့ ထင်ရပြီး AI Trainging အတွက် 100,000 NVIDIA GPU Hours ကို အသုံးပြုထားပါတယ်။
အစောပိုင်း စမ်းသပ်ချက်တွေအရ Grok 3 ဟာ OpenAI ရဲ့ ChatGPT နဲ့ Google ရဲ့ DeepMind Gemini တို့လို အဓိက ပြိုင်ဖက်တွေထက် တိကျမှုနဲ့ အဖြေပေးမှုမှာ ပိုကောင်းနေပါတယ်။
Ref : Technology Innovation