ပိုက်ဆံ ဒေါ်လာ ဘီလီယံ ၆၀၀ ဆိုတဲ့ ပမာဏကို စိတ်ကူးနဲ့တောင် မှန်းကြည့်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Elon Musk ကတော့ ကမ္ဘာ့သမိုင်းမှာ ဘယ်သူမှ မရောက်ဖူးသေးတဲ့ ဒီကြွယ်ဝမှု မှတ်တိုင်ကို ဖြတ်ကျော်ပြီး ပထမဆုံးသော ဒေါ်လာ ဘီလီယံ ၆၀၀ ပိုင်ဆိုင်သူ ဖြစ်လာခဲ့ပါပြီ။

Musk's Fortune Soars Above $600 Billion on New SpaceX Valuation - Bloomberg

သူ့ရဲ့ ကြွယ်ဝမှု ခုန်တက်သွားရတဲ့ အဓိက “ဒုံးပျံ” ကတော့ SpaceX ပါပဲ။ ၂၀၂၆ ခုနှစ်မှာ အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာထုတ်ရောင်းဖို့ ပြင်ဆင်နေတဲ့ SpaceX ဟာ လက်ရှိမှာ တန်ဖိုး ဒေါ်လာ ၈၀၀ ဘီလီယံလောက် ရှိမယ်လို့ ခန့်မှန်းရပြီး ကုမ္ပဏီရဲ့ ၄၂% ကို ပိုင်ဆိုင်ထားတဲ့ Musk အတွက်တော့ ရွှေတွင်းကြီးတစ်ခုလို ဖြစ်နေတာပါ။

🚨BIG BREAKING: Elon Musk is now worth 600 billion dollars, becoming the  first person in history to reach this milestone.

ဒါတင်မကသေးပါဘူး။ လျှပ်စစ်ကားလောကရဲ့ ဘုရင် Tesla နဲ့ ခေတ်စားနေတဲ့ AI နည်းပညာကုမ္ပဏီ xAI တို့ကလည်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို နေ့စဉ်နဲ့အမျှ တိုးပွားစေပါတယ်။ xAI ကုမ္ပဏီတစ်ခုတည်းကတင် သူ့ကို ဒေါ်လာ ၆၀ ဘီလီယံလောက် ချမ်းသာစေခဲ့တာပါ။

စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ သူ့ရဲ့ ကြွယ်ဝမှု တိုးတက်လာတဲ့နှုန်းပါပဲ။ ၂၀၂၀ ပြည့်နှစ်၊ မတ်လတုန်းက သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၂၄ ဘီလီယံပဲ ရှိခဲ့တာပါ။ ၅ နှစ်လောက် အချိန်အတွင်းမှာ အဆ ၂၀ ကျော်လောက် ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ Elon Musk ဟာ ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ Google တည်ထောင်သူ Larry Page ထက် ဒေါ်လာ ၄၂၅ ဘီလီယံလောက်ကို အပြတ်အသတ် ဖြတ်ကျော်ပြီး ရှေ့ဆုံးကနေ ဦးဆောင်နေပါတယ်။ လေ့လာသူတွေကတော့ ဒီအရှိန်အတိုင်းသာ သွားရင် Elon Musk ဟာ မကြာခင်မှာ ကမ္ဘာ့ပထမဆုံး “Trillionaire” (ဒေါ်လာ ၁ ထရီလီယံ ပိုင်ဆိုင်သူ) ဖြစ်လာတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref : Times of India