Elon Musk ရဲ့ SpaceX ဟာ ဉာဏ်ရည်တု (AI) ကွန်ပျူတာတွက်ချက်မှုတွေကို ပံ့ပိုးဖို့ ကမ္ဘာ့လေထု အနိမ့်ပိုင်း ဂြိုဟ်ပတ်လမ်းထဲကို ဂြိုဟ်တု ၁ သန်းအထိ လွှတ်တင်ဖို့ အမေရိကန် စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့ထံ လျှောက်ထားခဲ့ပါတယ်။ အဲဒီဂြိုဟ်တုတွေဟာ အာကာသမှာ ဒေတာစင်တာတွေ အဖြစ် အလုပ်လုပ်မှာပါ။

အဲဒီ အဆိုပြုထားတဲ့ “ဂြိုဟ်ပတ်လမ်း ဒေတာစင်တာတွေ” ဟာ ကမ္ဘာမြေအခြေစိုက် ဒေတာစင်တာတွေထက် ကုန်ကျစရိတ်နဲ့ စွမ်းအင် ပိုမိုသက်သာတဲ့ အစားထိုးစရာဖြစ်လာမယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) ထံ တင်ပြချက်အရ ဂြိုဟ်တုတွေဟာ နေရောင်ခြည်စွမ်းအင်သုံး ဖြစ်မှာဖြစ်ပြီး အမြင့် ၅၀၀ နဲ့ ၂,၀၀၀ ကီလိုမီတာကြားမှာ လည်ပတ်မှာဖြစ်ပါတယ်။
အဲဒီစနစ်ဟာ သုံးစွဲသူ ဘီလီယံပေါင်းများစွာအတွက် တွက်ချက်မှု စွမ်းရည်ကို ပေးစွမ်းနိုင်မယ်လို့ SpaceX က ပြောပေမယ့် အချိန်ကာလကိုတော့ အတိအကျ မသတ်မှတ်ထားပါဘူး။
ကျွမ်းကျင်သူတွေကတော့ ဂြိုဟ်တုအရေအတွက် အများအပြား တိုးလာတာကြောင့် လွှတ်တင်စရိတ်တွေ၊ အာကာသ အမှိုက် အန္တရာယ်တွေနဲ့ နက္ခတ္တဗေဒအပေါ် သက်ရောက်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
Ref : Fossbytes