OpenAI က စာရိုက်ထည့်လိုက်တာနဲ့ ဗီဒီယို ဖန်တီးပေးနိုင်တဲ့ Sora နဲ့ ကမ္ဘာကို အံ့အားသင့်စေခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာ EMO လို့ ခေါ်တဲ့ AI Tool အသစ်ပေါ်လာပါတယ်။

The Mona Lisa Can Now Talk, Thanks to EMO

တရုတ် နည်းပညာ ဘီလူးကြီး Alibaba က အဲဒီ Generative AI Tool ကို ပြသလိုက်တာ ဖြစ်ပြီး EMO ရဲ့ အရှည်က Emote Portrait Alive ဖြစ်ပါတယ်။ အဲဒီ AI က ဓါတ်ပုံ တစ်ပုံကို သက်ဝင်လှုပ်ရှား စကားပြောနိုင်၊ သီချင်းဆိုနိုင်တဲ့ ဗီဒီယို အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ထည့်လိုက်တဲ့ အသံဖိုင် ကနေ စကားပြောတာ၊ သီချင်းဆိုတာ ပြုလုပ်နိုင်ပါတယ်။

ကုမ္ပဏီက မိုနာလီဆာဟာ ရှိတ်စပီးယား ဝတ္ထုကို ဖတ်ပြနေတဲ့ ဗီဒီယိုကို မျှဝေထားပြီး သူမဟာ မျက်နှာ အမူအယာ၊ ကိုယ်နေဟန်ထားတွေနဲ့ စကားပြောနေတာကို  မြင်ရတာ အသက်ပြန်ရှင်လာသလားတောင် ထင်ရပါတယ်။ နောက်ထပ် ဗီဒီယို တစ်ခုမှာ AI နဲ့ လုပ်ထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ Dua Lipa သီချင်းကို သီဆိုနေတာကို မြင်ရပြီး Lip Sync လုပ်တာနဲ့ မျက်နှာ အမူအယာတွေဟာ သီချင်းနဲ့ လိုက်ဖက်ညီနေပါတယ်။

AI ရဲ့ အစွမ်းတွေကတော့ တော်တော်ကြောက်စရာ ကောင်းနေပါပြီ။ အဲဒီတော့ တွေ့တွေ့သမျှ ဗီဒီယိုတွေကို အလွယ် မယုံကြဖို့ သတိပေးလိုက်ပါတယ်။

Ref : interestingengineering