Huawei ရဲ့ လက်ရှိစမတ်ဖုန်းတွေအကုန်လုံးဟာ Android OS ကို အခြေခံထားတဲ့ EMUI ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Huawei ဟာ နောက်ဆုံးထွက်ရှိထားတဲ့ EMUI 11 ကို Android 11 အစား Android 10 ကိုပဲ အခြေခံထားတုန်းပါပဲ။

Huawei အနေနဲ့လည်း Android 11 Update ကို ရရှိနိုင်မလားဆိုတာကို တရားဝင်ပြောကြားထားခြင်းမရှိသေးသလို အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ EMUI 11 ဟာ Huawei အနေနဲ့  Android OS ကို အခြေခံထားတဲ့ နောက်ဆုံး EMUI OS ဖြစ်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ EMUI Update တွေဟာ Android OS အစား Huawei ရဲ့ ကိုယ်ပိုင် Harmony OS သို့မဟုတ် HongMeng OS ကိုပဲ အခြေခံသွားတော့မှာဖြစ်ပါတယ်။

ယခုသတင်းကိုတော့ Chinese Blog တစ်ခုဖြစ်တဲ့ Mydrivers ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ယခင်တုန်းက Huawei Consumer Business Group ရဲ့ Software Development Head ဖြစ်တဲ့ Weng Chenglu ကလည်း လက်ရှိ EMUI 11 ဟာ HongMeng OS Framework တွေပါဝင်နေပြီးသားဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Android OS အစား Hongmeng OS ကို ပြောင်းလဲဖို့ သေချာနေပြီဖြစ်ပါတယ်။

Huawei ဟာ လက်ရှိသိထားတဲ့သတင်းတွေအရ လာမယ့် ၂၀၂၁ ဒုတိယနှစ်ဝက်ပိုင်းမှာ စတင်ပြီးတော့ HongMeng OS နဲ့ စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိထွက်ရှိထားတဲ့ Huawei Flagship စမတ်ဖုန်းတွေနဲ့ Tablet တွေကိုလည်း EMUI 11 ကနေ HongMengOS ကို ပြောင်းလဲခွင့်ပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Harmony OS တဖြစ်လဲ HongMeng OS မှာ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China