သူ့စျေးတန်းမှာ ကြီးမားတဲ့ 128GB သိုလှောင်မှုစနစ်၊ သာလွန်မြန်ဆန်တဲ့ 33W အားသွင်းစနစ်၊ 50MP AI ကင်မရာတို့ကို အဆင့်မြှင့်တင်အသုံးပြုပေးထား

realme Champion Series တွေရဲ့နောက်ဆက်တွဲထုတ်ကုန်တစ်ခုဖြစ်သလို အခု ၂၀၂၃ခုနှစ်အတွက် နောက်ဆုံးပိတ် Champion ထုတ်ကုန်တစ်ခုအနေနဲ့ realme C51 စမတ်သစ်ကို မိတ်ဆက်ပေးသွားတော့မှာဖြစ်ပြီး သူ့စျေးတန်းအရ ဝိတ်လျှော့ထားမျိုးမရှိဘဲ အားသာကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေပေးအပ်ထားသလို Entry-level စျေးကွက်ရဲ့ စံသတ်မှတ်ချက်တွေကိုပါ ချိုးဖျက်ကာ Entry-level စမတ်ဖုန်းတွေရဲ့အဆင့်အတန်းကို ပိုမိုမြင့်မားတဲ့သတ်မှတ်ချက်တစ်ခုအဖြစ်သက်သေပြသွားမယ့် ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်။

realme C51 က သုံးစွဲသူအများစုရဲ့အဓိကလိုအပ်ချက်တွေပေါ်မှာ ဆက်လက်အလေးထားလုပ်ဆောင်ပေးထား တာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြုံမျိုးရရှိစေဖို့အတွက် သိုလှောင်မှုအပိုင်း၊ အားအမြန်သွင်းစနစ်၊ ကင်မရာနဲ့ ဒီဇီုင်းပိုင်းတို့မှာ ကြီးမားတဲ့အဆင့်မြှင့်တင်မှုတွေကိုလုပ်ဆောင် ပေးထားတာဖြစ်ပါတယ်။

realme ရဲ့ တန်ဖိုးသင့်စမတ်ဖုန်းတစ်လုံးဖြစ်လာမယ့် realme C51 မှာ သူ့စျေးတန်းမှာအမြန်ဆုံးအားသွင်းစနစ်ဖြစ်တဲ့ Type-C စနစ်သုံး 33W SUPERVOOC ကိုအသုံးပြုပေးထားမှာဖြစ်ပြီး အခြားသော10W အားသွင်းစနစ်ပါတဲ့ဖုန်းတွေထက် အားသွင်းချိန် ၂ဆကျော်မြန်ဆန်သက်သာသွားစေမှာဖြစ်ပါတယ်။

realme C51 မှာ အသစ်ပါဝင်လာတဲ့ 33W အားအမြန်သွင်းစနစ်ဟာ ဒီနှစ်အစောပိုင်းမှာမိတ်ဆက်ပေးထားတဲ့ realme 10၊ realme C55 နဲ့ realme C53 စမတ်ဖုန်းတွေမှာ အသုံးပြုပေးထားတဲ့အားသွင်းစနစ်နဲ့ အတူတူပဲဖြစ်လို့ အချိန်ကြာကြာပေးပြီးအားသွင်းရတဲ့ 10W အားသွင်းစနစ်ကို နှုတ်ဆက်လိုက်လို့ရပြီပဲဖြစ်ပါတယ်။

realme C51 အတွက် နောက်ထပ်အဆင့်မြှင့်တင်ပေးထားတဲ့အချက်က ကင်မရာစွမ်းဆောင်ရည်အပိုင်းပဲဖြစ်ပြီး သူ့စျေးတန်းမှာရှိတဲ့ဖုန်းအများစုမှာမပါဝင်ကြတဲ့ 50MP AI ကင်မရာကိုတပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအနေနဲ့ ရုပ်ထွက်အရည်အသွေးပိုမိုကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေကို စိတ်ကြိုက်ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။

သုံးစွဲသူတွေအမြဲတမ်းတောင်းဆိုနေတတ်တဲ့ ဖုန်းသိုလှောင်မှုပမာဏနည်းပါးခြင်းကိုဖြေရှင်းပေးဖို့အတွက် 128GB ပမာဏရှိတဲ့ သိုလှောင်မှုစနစ်ကိုတိုးမြှင့်ထည့်သွင်းပေးထားမှာဖြစ်ပြီး ပုံမှန်ပါဝင်နေကျဖြစ်တဲ့ 64GB ပမာဏထက် ၂ဆသာလွန်တဲ့ပမာဏပဲဖြစ်ပါတယ်။ ဒါ့အပြင် 4GB RAM ပမဏကိုလည်း DRE နည်းပညာဖြည့်စွက်ချက်နဲ့အတူ 8GB (4+4GB) အထိ တိုးမြှင့်အသုံးပြနိုင်ဦးမှာဖြစ်လို့ ပိုမိုသွက်လက်တဲ့အတွေ့အကြုံကိုပါ ရရှိစေဦးမှာဖြစ်ပါတယ်။

realme ရဲ့ C Series ထုတ်ကုန်များဟာ Entry-level စျေးကွက်အတွက် ဦးဆောင်သူဖြစ်စေဖို့အဓိကရည်ရွယ်ထားတာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ အကောင်းဆုံးဒီဇိုင်းအသွင်အပြင်ကိုပါ realme C51 မှာရရှိစေမှာြဖစ်ပါတယ်။ ထိတွေ့ကိုင်တွယ်မှုအပိုင်းမှာ သက်သောင့်သက်သာအံ့ဝင်ခွင်ကျရှိစေပြီး လက်ထဲမှာမြဲမြံမှုရှိစေမယ့် ဘေးထောင့်မတ်ကျတဲ့ဘောင်မျိုးဖန်တီးပေးထားတာြဖစ်ပါတယ်။ ကိုယ်ထည်အထူက ၇.၉၉ မီလီမီတာသာရှိလို့ ပါးလွှာပေ့ါပါးပြီး ခေတ်ဆန်တဲ့ အမှုံလေးတွေဖြူးထားတဲ့မြင်သူငေးဒီဇိုင်းမျိုးအဖြစ်ထိတွေ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ စိမ်းဖန့်ဖန့် Mint Green နဲ့ ကာဗွန်လိုနက်မှောင်တဲ့ Carbon Black ၂မျိုးကိုရွေးချယ်နိုင်စေမှာဖြစ်ပါတယ်။

သုံးစွဲသူတွေအတွက် နောက်ထပ်အံ့အားသင့်စရာအချက်က အခုလို Entry-level လိုစမတ်ဖုန်းတစ်လုံးမှာ 90Hz Display ကိုထည့်သွင်းပေးထားတာဖြစ်ပြီး Multimedia ပိုင်းမှာ အထာပိုကျတဲ့ထိတွေ့မှုမျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားကလည်း 6.74-inch အရွယ်အစားကြီးလို့ မျက်နှာပြင်ကျယ်ကျယ်ပါသုံးနိုင်မှာဖြစ်ပါတယ်။

အလင်းအားပမာဏကလည်း 560nits အထိရှိလို တော်ရုံပြင်ပနေအလင်းထဲမှာလည်း ဖုန်းကိုကောင်းကောင်းသုံးနိုင်စေဦးမှာပါ။ ဒါအပြင် Android ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်တဲ့ Mini Capsule ကိုလည်း realme C51 မှာပါ အသုံးပြုနိုင်ဖို့ရှိနေပါတယ်။

Entry-level ဖုန်းတွေရဲ့အဆင့်အတန်းတစ်ရပ်ကို realme C51 က ပိုကောင်းတဲ့ 128GB သိုလှောင်မှုစနစ်၊ 4+4GB RAM (DRE) စနစ်၊ သူ့စျေးတန်းမှာအမြန်ဆုံး 33W အားသွင်းစနစ်၊ ပိုမိုသာလွန်တဲ့ 50MP AI ကင်မရာ၊ လှပဆွဲဆောင်မှုရှိတဲ့အသွင်းဒီဇီုင်းသစ်တို့နဲ့အတူ Champion ဂုဏ်ပုဒ်ကိုရယူသွားဖို့ရှိနေပြီး သိပ်မကြာခင်အချိန်မှာ တရားဝင်စျေးနှုန်းနဲ့အတူ မိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

Media release: realme