အွန်လိုင်းဂိမ်းဖြန့်ချိရေးပလက်ဖောင်းတစ်ခုဖြစ်တဲ့ Epic Games Store ဟာ လစဉ်လတိုင်း အခမဲ့ဂိမ်းကောင်းတွေ ပေးနေကြဖြစ်ပါတယ်။ အခုလအတွက်တော့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ဂိမ်မာတွေအကြိုက်တွေ့ခဲ့တဲ့ Grand Theft Auto V ကို အခမဲ့ပေးခဲ့ရာမှာ ဝင်ရောက်ယူသူတွေများလွန်းလို့ Games Store လုပ်ဆောင်မှုတွေ ခေတ္တရပ်တန့်သွားခဲ့ရပါတယ်။

Epic Games ကလည်း ဒီဖြစ်ရပ်ကို အသိအမှတ်ပြုခဲ့ပြီး Traffic ဖြစ်နေကြောင်းနဲ့ ဝင်ရောက်ရာမှာ ပြဿနာတွေ ရှိနိုင်ကြောင်း၊ အမြန်ဆုံးပြင်ဆင်သွားမှာဖြစ်ကြောင်း တွစ်တာမှာ ကြေညာပေးခဲ့ပါတယ်။ ဒါပေမယ့် မရလိုက်သေးတဲ့ သူတွေအတွက်လည်း စိတ်ပူစရာတော့မရှိပါဘူး။ Epic Games Store ဟာ GTA V ဂိမ်းကို မေလ ၂၁ ရက်နေ့ထိ Free Download ပေးနေဦးမယ်လို့ Leaked Tweet တစ်ခုမှာ တွေ့ခဲ့ရပါတယ်။

Epic Games Store ပြန်တက်လာရင်လည်း GTA V ဝင်ယူချင်တယ်ဆိုပါက Epic Games ဟာ လက်ရှိမှာ အခမဲ့ဂိမ်းတွေရယူဖို့အတွက် Two-factor Authentication စနစ်ကို ကျော်ဖြတ်စေတယ်ဆိုတာ ကြိုသိထားသင့်ပါတယ်။ Epic ဟာ ၂၀၁၈ ဒီဇင်ဘာလမှာ Games Store ကို စတင်ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း အခမဲ့ဂိမ်းတွေကို အများအပြား ပေးခဲ့ပြီးပါပြီ။ ဇန္နဝါရီတုန်းကလည်း ၂၀၂၀ တစ်နှစ်လုံး အခမဲ့ဂိမ်းတွေ ဆက်ပေးသွားဦးမယ်လို့ ကြေညာခဲ့တာကြောင့် Steam လို အွန်လိုင်းဂိမ်းပလက်ဖောင်းတွေ သုံးစွဲလေ့ရှိသူတွေအနေနဲ့ Epic Games Store ကိုလည်း ရယူထားသင့်တာ အမှန်ပါပဲ။

Ref – The Verge