တရုတ် လျှပ်စစ်ကား ကုမ္ပဏီ Nio က ကားထုတ်လုပ်တဲ့ စက်ရုံမှာ လူတူစက်ရုပ်တွေကို အသုံးချဖို့ ကြိုးစားနေပါတယ်။ Nio ဟာ ကားစက်ရုံတွေမှာ Leju Robotics က ဖန်တီးထားတဲ့ Kuavo စက်ရုပ်ကို စမ်းသပ်နေတယ်လို့သတင်းထွက်လာပါတယ်။ ထူးခြားတာက Kuavo ဟာ Huawei ရဲ့ HarmonyOS ပါတဲ့ ပထမဆုံး စက်ရုပ် ဖြစ်ပါတယ်။

လူတူစက်ရုပ်တွေကို ကားစက်ရုံမှာ အသုံးချဖို့ ကြိုးစားနေတာ Nio ဟာ ပထမဆုံး ကုမ္ပဏီ မဟုတ်ပါဘူး။ Tesla ကလည်း လူတူစက်ရုပ်တွေကို ကားစက်ရုံမှာ အသုံးချနေပါတယ်။

Nio testing use of humanoid robots on factory production line - CnEVPost

Kuavo ရဲ့ အရင်က UBTech Robotics က ထုတ်တဲ့ Walker S လူတူစက်ရုပ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ Nio ရဲ့ စက်ရုံမှာ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ စက်ရုပ်ဟာ တံခါး Lock ၊ ထိုင်ခုံခါးပတ်နဲ့ လေကာမှန်တို့ကို စစ်ဆေးပေးတဲ့ အလုပ်တွေကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် စက်ရုပ်ဟာ ကုမ္ပဏီ လိုဂိုကို ကားမှာ တပ်ဆင်ပေးနိုင်ပါတယ်။

Nio ဟာ ကားစက်ရုံမှာ လူတူစက်ရုပ်တွေကို အသုံးချဖို့ Huawei , Leju Robotics တို့နဲ့ ပူးပေါင်းထားပါတယ်။ HarmonyOS ပါတဲ့ Kuavo စက်ရုပ်ကို စမ်းသပ်နေတာဟာ Nio ရဲ့ ကားထုတ်လုပ်တဲ့လုပ်ငန်းမှာ လူတူစက်ရုပ်တွေကို အသုံးချမယ့် စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

Ref : gizmochina