EVBox က 400 kW လျှပ်စစ်ကား အားသွင်း Station ကို ဖွင့်လှစ်ပေးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

နယ်သာလန် နိုင်ငံ အမ်စတာဒမ် အခြေစိုက် EVBox ရဲ့ DC Fast Charger ကို EVBox Troniq High Power လို့ အမည်ပေးထားပြီး EVBox က ၃ မိနစ်ထဲ အားသွင်းတာနဲ့ ၆၂ မိုင် (၁၀၀ ကီလိုမီတာ) မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ EVBox ရဲ့ Charger ဟာ ဈေးကွက်ထဲက အမြန်ဆုံး လျှပ်စစ်ကား အားသွင်းစက်တွေထဲက ၁ ခု ဖြစ်လာပါတယ်။

အားသွင်းစက်ဟာ လျှပ်စစ်ကား ၂ စီးကို ၁ စီးအတွက် 200 kW နဲ့ တစ်ပြိုင်နက် ခွဲဝေ အားသွင်းပေးနိုင်ပါတယ်။

EVBox က အမ်စတာဒမ်နဲ့ တော့လောက်စ်မှာ ၅ လကြာ 400 kW အားသွင်း Station ကို စမ်းသပ် အသုံးပြုနိုင်မယ့် Early Adopter Program ကို ပြုလုပ်ပေးထားပါတယ်။ ကုမ္ပဏီက အားသွင်းတဲ့ အကြိမ်အရေအတွက် ၄,၀၀၀ ကျော်နဲ့ အားသွင်းချိန် ၁,၇၀၀ နာရီကျော်ကို ဝန်ဆောင်မှုပေးထားပြီးပြီလို့ ပြောပါတယ်။ ကုမ္ပဏီက လျှပ်စစ်ကားတွေအတွက် 91 MWh စွမ်းအင်ကို ထုတ်လုပ်ပေးပြီးပြီလို့ ဆိုပါတယ်။

EVBox Introduces New Modular Fast Charging Station That Grows with its  Customers' Businesses | EVBox Newsroom

Tesla ရဲ့ Supercharger တွေကို လေ့လာကြည့်ရင် Tesla V3 Supercharger ဟာ 250 kW ပဲ ရှိပါတယ်။ Tesla က နယ်သာလန်မှာ မတ်လက V4 Supercharger ကို ပံ့ပိုးပေးခဲ့ပြီး အမြင့်ဆုံး အနေနဲ့ 600 kW အထိ ရနိုင်တယ်လို့ ထင်ပါတယ်။

EVBox က ပြင်သစ် နိုင်ငံ ဘော်ဒိုးက စက်ရုံမှာ ဒီနှစ်အတွင်း အားသွင်းစက် ၂,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး ဥရောပမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ စတင်ကာ ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref : electrek