Samsung ဟာ ၂၀၂၂ ခုနှစ်အတွက် သူ့ရဲ့ Flagship SoC ဖြစ်တဲ့ Exynos 2200 ကို တရားဝင်မိတ်ဆက်ခဲ့ပြီးပါပြီ။ ဒီ SoC ရဲ့ လက်တွေ့စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ ပြီးခဲ့တဲ့ရက်ကမှ MySmartPrice ရဲ့ ဖော်ပြချက်နဲ့အတူ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။

သတင်းဖော်ပြချက်အရ Exynos 2200 ရဲ့ ရလဒ်တွေကို Galaxy S22 Ultra နဲ့အတူ ရယူထားတာလို့ သိရပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Geekbench 5 မှာ မြင်တွေ့ရတဲ့ဒီရမှတ်တွေကို Exynos 2100 နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အနည်းငယ်စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပါပဲ။

Geekbench 5 မှာ Single-core ရမှတ်ကို 1108 မှတ်အဖြစ်တွေ့ရပြီး၊ Multi-core ရမှတ်ကတော့ 3516 မှတ် အဖြစ်တွေ့ရပါတယ်။ AnTuTu 9.0 မှာတော့ 965,874 မှတ်ရရှိထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က Exynos 2100 နဲ့ နှိုင်းယှဉ်ရင် ၄၆% အထိ ကြီးကြီးမားမား မြင့်တက်လာခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

GFXBench Aztec Ruins (Normal) စမ်းသပ်မှုမှာတော့ Exynos 2200 SoC ဟာ 109fps ရခဲ့ပါတယ်။ Xiaomi 12 က Snapdragon 8 Gen 1 benchmark ရလဒ်တွေကို သိပြီးပြီဆိုရင်တော့ Exynos 2200 ရဲ့ ရလဒ်တွေက အထင်ကြီးစရာမဟုတ်ဘူးလို့ မှတ်ချက်ပေးမှာ မလွဲပါဘူး။ တကယ်တော့ GFXBench GPU ရမှတ်ဟာ ပြီးခဲ့တဲ့နှစ်က Snapdragon 888 ထက် နိမ့်ပါတယ်။

ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမဲ့အချက်တွေကတော့၊ ဒီရလဒ်ဟာ ပဏာမရမှတ်တွေဖြစ်ပြီး Finalized chipset ရဲ့ ထုတ်ပေးမဲ့ စွမ်းဆောင်ရည်အစစ်အမှန်ကို မမြင်ရသေးဘူးဆိုတာပါပဲ။ အစောပိုင်း အင်ဂျင်နီးယားရင်းယူနစ်ရဲ့ ရလဒ်တွေကတော့ နောက်ဆုံးအပြီးသတ်ရလဒ်ထက် နည်းပါးတယ်ဆိုတာကို အားလုံးလည်းသိပြီးသား ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က ဒီရလဒ်တွေကို အပြည့်အဝအတည်ပြုဖို့ Screenshots လည်း မရှိပါဘူး။

Ref: GSM Arena