[Unicode]

Google ရဲ့ Pixel တွေကတော့ ထုတ်လိုက်တိုင်း ပြဿနာနဲ့ မကင်းဘူးလို့ ဆိုရမှာပါ။ ဒီအစဉ်အလာကိုထိန်းတဲ့နေရာမှာ Pixel 4 တွေလည်း ပါဝင်ပါတယ်။ Google အနေနဲ့ လစဉ်ထုတ်ပေးနေတဲ့ Patch တွေမှာ ပြဿနာတွေကို ပြေလည်အောင် ပြုပြင်နေပေမယ့် အလျဉ်မမီဖြစ်နေတဲ့ပုံပါပဲ။

Pixel 4 တွေ အခုကြုံနေရတဲ့ပြဿနာကတော့ Face Unlock နဲ့ပတ်သက်တဲ့ပြဿနာပါ။ အသုံးပြုသူ အတော်များများက သူတို့ရဲ့ Pixel 4 ဟန်းဆက်တွေမှာ Face Unlock လို့ လူသိများတဲ့ secure facial recognition system စနစ် ပျက်စီးကြောင်း Pixel Support site နဲ့ Reddit တို့မှာ တိုင်တန်းလာကြပါတယ်။

ပထမဆုံးအနေနဲ့ အသုံးပြုသူကို မျက်နှာကိုပြန်ပြဖို့ ဒီလိုမလုပ်ရင် Face Unlock က အလုပ်လုပ်တော့မှာ မဟုတ်ကြောင်း Message ပို့လာတာဖြစ်ပါတယ်။ အသုံးပြုသူက မျက်နှာပြင်ပုံစံကို ပြန်ပြပေမယ့်လည်း “Can’t verify face. Try again” လို့ပဲ တုံ့ပြန်နေတယ်လို့ ဆိုပါတယ်။ တချို့ကလည်း Reboot လုပ်တာ၊ Safe Mode ထဲသွားတာတွေလုပ်ပြီး ကြိုးစားခဲ့ပေမယ့် အဆင်မပြေဘူးလို့ ဆိုပါတယ်။

အသုံးပြုသူအချို့က ဒီပြဿနာကို Factory Reset လုပ်ပြီးဖြေရှင်းနိုင်ကြပေမယ့်၊ အတော်များများကတော့ ဒီလိုမလုပ်ချင်ကြဘဲ Google ကထုတ်ပေးမယ့် Security Patch ကို Install လုပ်တဲ့အထိ စောင့်ဆိုင်းချင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းချင်ကြတဲ့ Pixel 4 ပိုင်ရှင်အချို့ကတော့ Factory Reset လုပ်ပြီး အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းနိုင်ခဲ့ကြတယ်လို့ သူတို့ရဲ့အတွေ့အကြုံကို ဝေမျှပေးထားကြတာ တွေ့ရပါတယ်။

Ref: Phone Arena

[Zawgyi]

Face Unlock ပ်က္ၿပီး Factory Reset ျပန္လုပ္ေနရတဲ့ျပႆနာကို Pixel 4 ပိုင္ရွင္အခ်ိဳ႕ ႀကဳံေတြ႕ေနရ

Google ရဲ႕ Pixel ေတြကေတာ့ ထုတ္လိုက္တိုင္း ျပႆနာနဲ႔ မကင္းဘူးလို႔ ဆိုရမွာပါ။ ဒီအစဥ္အလာကိုထိန္းတဲ့ေနရာမွာ Pixel 4 ေတြလည္း ပါဝင္ပါတယ္။ Google အေနနဲ႔ လစဥ္ထုတ္ေပးေနတဲ့ Patch ေတြမွာ ျပႆနာေတြကို ေျပလည္ေအာင္ ျပဳျပင္ေနေပမယ့္ အလ်ဥ္မမီျဖစ္ေနတဲ့ပုံပါပဲ။

Pixel 4 ေတြ အခုႀကဳံေနရတဲ့ျပႆနာကေတာ့ Face Unlock နဲ႔ပတ္သက္တဲ့ျပႆနာပါ။ အသုံးျပဳသူ အေတာ္မ်ားမ်ားက သူတို႔ရဲ႕ Pixel 4 ဟန္းဆက္ေတြမွာ Face Unlock လို႔ လူသိမ်ားတဲ့ secure facial recognition system စနစ္ ပ်က္စီးေၾကာင္း Pixel Support site နဲ႔ Reddit တို႔မွာ တိုင္တန္းလာၾကပါတယ္။

ပထမဆုံးအေနနဲ႔ အသုံးျပဳသူကို မ်က္ႏွာကိုျပန္ျပဖို႔ ဒီလိုမလုပ္ရင္ Face Unlock က အလုပ္လုပ္ေတာ့မွာ မဟုတ္ေၾကာင္း Message ပို႔လာတာျဖစ္ပါတယ္။ အသုံးျပဳသူက မ်က္ႏွာျပင္ပုံစံကို ျပန္ျပေပမယ့္လည္း “Can’t verify face. Try again” လို႔ပဲ တုံ႔ျပန္ေနတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕ကလည္း Reboot လုပ္တာ၊ Safe Mode ထဲသြားတာေတြလုပ္ၿပီး ႀကိဳးစားခဲ့ေပမယ့္ အဆင္မေျပဘူးလို႔ ဆိုပါတယ္။

အသုံးျပဳသူအခ်ိဳ႕က ဒီျပႆနာကို Factory Reset လုပ္ၿပီးေျဖရွင္းႏိုင္ၾကေပမယ့္၊ အေတာ္မ်ားမ်ားကေတာ့ ဒီလိုမလုပ္ခ်င္ၾကဘဲ Google ကထုတ္ေပးမယ့္ Security Patch ကို Install လုပ္တဲ့အထိ ေစာင့္ဆိုင္းခ်င္ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီျပႆနာကို အျမန္ဆုံးေျဖရွင္းခ်င္ၾကတဲ့ Pixel 4 ပိုင္ရွင္အခ်ိဳ႕ကေတာ့ Factory Reset လုပ္ၿပီး ေအာင္ေအာင္ျမင္ျမင္နဲ႔ ေျဖရွင္းႏိုင္ခဲ့ၾကတယ္လို႔ သူတို႔ရဲ႕အေတြ႕အႀကဳံကို ေဝမွ်ေပးထားၾကတာ ေတြ႕ရပါတယ္။

Ref: Phone Arena