Unicode
Facebook ရဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Cambridge Analytica Data ပေါက်ကြားမှုကြီးကို မှတ်မိကြဦးမှာပါ။ အဆိုပါ အချိန်တုန်းက Facebook ကနေ Account အသုံးပြုသူတွေကို သုံးစွဲခဲ့သမျှ Facebook Activity History တွေကို ဖျက်နိုင်တဲ့ Clear History Tool ကို ထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Facebook Clear History Tool ကို လူတိုင်းအသုံးပြုနိုင်ပါပြီ။
ဒီသတင်းကိုတော့ Facebook ရဲ့ CEO Mark Zuckerberg ကနေ Blog Post မှာ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဒီ Clear History Tool ကို Facebook Setting ထဲမှာရှိတဲ့ “Off-Facebook Activity” အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ “Off-Facebook Activity” မှာဆိုရင် Facebook Account နဲ့ တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိရင်တောင်မှ Facebook နဲ့ ချိတ်ဆက်မှုရှိခဲ့တဲ့ Third-party App တွေ Website တွေကို ကြည့်ရှုနိုင်မှာပါ။ အဆိုပါ History တွေကို လုံးဝ Clear ပြုလုပ်နိုင်မှာပါ။
Mark Zuckerberg ရဲ့ ပြောကြားချက်အရတော့ ဒီ Off-Facebook Activity Feature ဟာ Privacy ကို နောက်ထပ် Level တစ်ခုထိ ပွင့်လင်းမြင်သာပြီးတော့ ကိုယ်တိုင်ထိန်းချူပ်နိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုအချိန်မှ ထုတ်ပေးတာကလည်း ဒီ Feature အတွက် Facebook ရဲ့ System အချို့ကိုပါ ပြန်လည်တည်ဆောက်ခဲ့ရတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အခု Clear History Tool အပြင် Facebookကနေ Privacy Checkup Tool အသစ်ကိုပါ ထုတ်ပေးလိုက်ပြီး Account Setting ကနေ တစ်ဆင့် ကိုယ့်ရဲ့ Information ၊ Two-Factor Authentication ၊ Log-in Alert နဲ့ ဘယ် App တွေက Facebook Account နဲ့ တိုက်ရိုက်ချိတ်ဆက်ထားလဲဆိုတာကို စစ်ဆေးနိုင်တဲ့ Privacy Checkup Tool ကိုပါ ထုတ်ပေးခဲ့ပါသေးတယ်။ ဒီ Privacy Checkup Tool ကို Facebook အသုံးပြုသူတွေရဲ့ Newsfeed မှာပါ ဖော်ပြပြီး စစ်ဆေးဖို့သတိပေးသွားမယ်လို့ သိရပါတယ်။
အခု Facebook Clear History Tool ကို ယခု Link သို့မဟုတ် Facebook Settings ထဲမှာရှိတဲ့ Off-Facebook Activity Section ကို ဝင်ရောက်ပြီး ကိုယ့် Account နဲ့ ချိတ်ထားတဲ့ Apps နဲ့ Website တွေရဲ့ Activity History ကို ဖျက်နိုင်ပါပြီ။ တစ်ခုသတိထားရမှာတော့ Facebook Account နဲ့ ချိတ်ထားတဲ့ Game Data ၊ App Data တွေရှိတယ်ဆိုရင်လည်း အတူပျက်သွားမှာဖြစ်ပါတယ်။
Ref – The Verge
Zawgyi
Facebook ရဲ႕ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက ျဖစ္ပြားခဲ့တဲ့ Cambridge Analytica Data ေပါက္ၾကားမႈႀကီးကို မွတ္မိၾကဦးမွာပါ။ အဆိုပါ အခ်ိန္တုန္းက Facebook ကေန Account အသုံးျပဳသူေတြကို သုံးစြဲခဲ့သမွ် Facebook Activity History ေတြကို ဖ်က္ႏိုင္တဲ့ Clear History Tool ကို ထုတ္ေပးသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အဆိုပါ Facebook Clear History Tool ကို လူတိုင္းအသုံးျပဳႏိုင္ပါၿပီ။
ဒီသတင္းကိုေတာ့ Facebook ရဲ႕ CEO Mark Zuckerberg ကေန Blog Post မွာ ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ ဒီ Clear History Tool ကို Facebook Setting ထဲမွာရွိတဲ့ “Off-Facebook Activity” အေနနဲ႔ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ အဆိုပါ “Off-Facebook Activity” မွာဆိုရင္ Facebook Account နဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ထားျခင္းမရွိရင္ေတာင္မွ Facebook နဲ႔ ခ်ိတ္ဆက္မႈရွိခဲ့တဲ့ Third-party App ေတြ Website ေတြကို ၾကည့္ရႈႏိုင္မွာပါ။ အဆိုပါ History ေတြကို လုံးဝ Clear ျပဳလုပ္ႏိုင္မွာပါ။
Mark Zuckerberg ရဲ႕ ေျပာၾကားခ်က္အရေတာ့ ဒီ Off-Facebook Activity Feature ဟာ Privacy ကို ေနာက္ထပ္ Level တစ္ခုထိ ပြင့္လင္းျမင္သာၿပီးေတာ့ ကိုယ္တိုင္ထိန္းခ်ဴပ္ႏိုင္ေစမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အခုအခ်ိန္မွ ထုတ္ေပးတာကလည္း ဒီ Feature အတြက္ Facebook ရဲ႕ System အခ်ိဳ႕ကိုပါ ျပန္လည္တည္ေဆာက္ခဲ့ရတာေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အခု Clear History Tool အျပင္ Facebookကေန Privacy Checkup Tool အသစ္ကိုပါ ထုတ္ေပးလိုက္ၿပီး Account Setting ကေန တစ္ဆင့္ ကိုယ့္ရဲ႕ Information ၊ Two-Factor Authentication ၊ Log-in Alert နဲ႔ ဘယ္ App ေတြက Facebook Account နဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ထားလဲဆိုတာကို စစ္ေဆးႏိုင္တဲ့ Privacy Checkup Tool ကိုပါ ထုတ္ေပးခဲ့ပါေသးတယ္။ ဒီ Privacy Checkup Tool ကို Facebook အသုံးျပဳသူေတြရဲ႕ Newsfeed မွာပါ ေဖာ္ျပၿပီး စစ္ေဆးဖို႔သတိေပးသြားမယ္လို႔ သိရပါတယ္။
အခု Facebook Clear History Tool ကို ယခု Link သို႔မဟုတ္ Facebook Settings ထဲမွာရွိတဲ့ Off-Facebook Activity Section ကို ဝင္ေရာက္ၿပီး ကိုယ့္ Account နဲ႔ ခ်ိတ္ထားတဲ့ Apps နဲ႔ Website ေတြရဲ႕ Activity History ကို ဖ်က္ႏိုင္ပါၿပီ။ တစ္ခုသတိထားရမွာေတာ့ Facebook Account နဲ႔ ခ်ိတ္ထားတဲ့ Game Data ၊ App Data ေတြရွိတယ္ဆိုရင္လည္း အတူပ်က္သြားမွာျဖစ္ပါတယ္။
Ref – The Verge