Facebook က အမေရိကန် သမ္မတဟောင်း ထရမ့်ကို ၂ နှစ် အသုံးပြုခွင့်ပိတ်ပင်လိုက်တဲ့အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန် အထိ ထရမ့်ဟာ Facebook သုံးလို့ မရတော့ပါဘူး။ အဲဒီနောက်မှာ Facebook က ထရမ့်ရဲ့ ပို့စ်တွေကို လေ့လာဆန်းစစ် စောင့်ကြည့်မှာပါ။ ဒီသတင်းကို Facebook ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး ဌာနက ဒုတိယ ဥက္ကဌ Nick Clegg က ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီကာလနောက်မှာ ထရမ့်က Facebook ရဲ့ စည်းမျဉ်းတွေကို ထပ်မံချိုးဖောက်ရင် ရာသက်ပန် ပိတ်ပင်မှာပါ။

Facebook ဟာ နိုင်ငံရေး သမားတွေရဲ့ ပို့စ်တွေကို ကိုင်တွယ်ပုံ တင်းကြပ်လာတဲ့ သဘော ဖြစ်ပါတယ်။ Clegg က “ တခြား သူတွေ သတင်းအမှားတွေတင်ထာထက် နိုင်ငံရေး သမားတွေ သတင်းအမှားတွေတင်တာကို ပိုမို လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ အများပြည်သူတွေအတွက် သတင်းစစ်၊ သတင်းမှန်တွေပဲ Facebook မှာ ရှိအောင် ကြိုးစားနေပါတယ်။ “ လို့ ပြောပါတယ်။

Facebook ဟာ တခြား အသုံးပြုသူတွေလိုပဲ နိုင်ငံရေး သမားတွေရဲ့ ပို့စ်တွေကို ကုမ္ပဏီရဲ့ စည်းမျဉ်းအောက်မှာပဲ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ထရမ့်က Facebook ရဲ့ ပိတ်ပင်မှုဟာ ရွေးကောက်ပွဲမှာ သူ့ကို ထောက်ခံသူတွေကို စော်ကားလိုက်တာလို့ တုန့်ပြန်လိုက်ပါတယ်။

Facebook က ထရမ့်ကို ပိတ်ပင်မှုဟာ ပြဿနာ ဖြစ်စရာ ပို့စ်တွေကို သုံးသပ်ဖို့ ကုမ္ပဏီက ငွေကြေးထောက်ပံ့ထားပြီး လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ Oversight Board ရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းကပဲ နိုင်ငံရေး သမားတွေရဲ့ ပို့စ်တွေကို တင်းကြပ်ဖို့ Facebook ကို အကြံပေးခဲ့တာပါ။

Ref : theverge