၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဇူဇူ နဲ့ သူ့ သူငယ်ချင်းတွေဟာ “thefacebook.com” ကို တည်ထောင်ခြင်းဖြင့် ရှည်လျားတဲ့ ခရီး တစ်ခုကို စတင်ခဲ့ပါတယ်။ အစောပိုင်းမှာ ဟားဗတ် ကျောင်းသားတွေ အသုံးပြုဖို့ ရည်ရွယ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း Facebook ဟာ တစ်ကမ္ဘာလုံးက လူတွေ အသုံးပြုကြတဲ့ ကြီးမားတဲ့ လူမှုကွန်ရက် ဖြစ်လာခဲ့ပါတယ်။ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ တခြား နယ်ပယ်မျိုးစုံမှာ Facebook ရဲ့ ပါဝင်ပတ်သက်မှုက ကြီးမားလာခဲ့ပါတယ်။

Mark Zuckerberg: From Child Prodigy to Multi-Billionaire | by Dawn Ellmore | Medium

အစောပိုင်းမှာ ဟားဗတ်ကျောင်းသားတွေ ဆက်သွယ်ဖို့ ဖန်တီးခဲ့တဲ့ Facebook ဟာ မကြာခင်မှာပဲ တခြား အမေရိကန် တက္ကသိုလ်တွေအတွက်ပါ ဖွင့်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အများပြည်သူ အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

Mark Zuckerberg's 2004 Interview: See How Far He And Facebook Have Come - YouTube

၂၀၂၃ ခုနှစ်က စာရင်းအရ Facebook ကို လစဉ်သုံးစွဲသူဟာ ၃ ဘီလီယမ်ကျော်သွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကထက် ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဇူဇူဟာ Facebook ရဲ့ မိခင် ကုမ္ပဏီ အဖြစ် Meta ကို တည်ထောင်ခဲ့ပြီး Metaverse နဲ့ Facebook ကို ဆန်းသစ်မယ့် စီမံကိန်းကို ကြေညာခဲ့ပါတယ်။

ဒီအနှစ် ၂၀ အတွင်း Facebook ကြောင့် လူသားများစွာ အကျိုးရှိခဲ့သလို အကျိုးပျက်ဆီးသွားတာတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲ ပြောပြော Facebook ဟာ လူသားတွေအတွက် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများနေတဲ့အတွက် တစ်ကမ္ဘာလုံးက လူသားတွေရဲ့ အသည်းစွဲ ဖြစ်နေပါတယ်။

Ref : gizchina