Ferrari က ၂၀၂၄ ခုနှစ်မှာ စံချိန်တင် ရောင်းအားကောင်းခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကားအစီးရေ ၁၃,၇၅၂ စီး ရောင်းချနိုင်ခဲ့ပါတယ်။ 296 GTS , Roma Spider နဲ့ Ferrari ရဲ့ ပထမဆုံး SUV ဖြစ်တဲ့ Purosangue တို့ကြောင့် ရောင်းအားကောင်းခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေ ၁၁.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၇ ဘီလီယမ် နီးပါး ရခဲ့ပါတယ်။

The First Ferrari EV Is Coming in 2026: Here's What We Know

Ferrari ဟာ ဒီအောင်မြင်မှု အရှိန်အဟုန်ကို ထိန်းသိမ်းဖို့အတွက် ဒီနှစ်ထဲမှာ ကားမော်ဒယ်အသစ် ၆ စီးကို ရောင်းချဖို့ ကြေညာထားပါတယ်။ အဲဒီအထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား ပါလာမှာ ဖြစ်ပြီး အီတလီ နိုင်ငံ ၊ Maranello မှ Capital Markets Day အတွင်း အောက်တိုဘာလ ၉ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီကားရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် စပိုင် ဓါတ်ပုံတွေအရ မွမ်းမံထားတဲ့ Maserati Levante ကိုယ်ထည်ကို အသုံးပြုထားတဲ့ လျှပ်စစ်ကား နမူနာမော်ဒယ်ကို စမ်းသပ်နေပါတယ်။

Ferrari's First Ever EV Model Will Come With Alleged $535,000 Price Tag -  Headlight.news

နောက်ထွက်မယ့် တခြား ကား မော်ဒယ် ၅ ခုအကြောင်းကို မသိရသေးပါဘူး။ ဒါပေမယ့် ခန့်မှန်းချက်တွေအရ SF90 Stradale ရဲ့ မျိုးဆက်သစ်၊ 296 VS ၊ Purosangue မော်ဒယ်အသစ်တို့ ပါဝင်လာနိုင်ပါတယ်။ လာမယ့်လတွေအတွင်း အဲဒီကားတွေရဲ့သတင်းအချက်အလက်တွေကို သိလာရနိုင်ပါတယ်။

Ref : Tech Explorers