Figure AI ရဲ့ CEO Brett Adcock က အမေရိကန်ရဲ့ အကြီးမားဆုံး ကုမ္ပဏီ ၁ ခု နဲ့ သဘောတူ စာချုပ် ရေးထိုးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ ဒုတိယ အကြီးမားဆုံး ဖောက်သည် ဖြစ်လာမှာပါ။

figure's humanoid robots to work and assist at BMW's car production factory

စာချုပ်အရေ Figure AI ဟာ နောက် ၄ နှစ်အတွင်း အဆင့်မြင့် လူတူစက်ရုပ် ၁၀၀,၀၀၀ ကို ထုတ်လုပ်ရောင်းချပေးရမှာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံးနဲ့ နေအိမ် သုံး စက်ရုပ်တွေ ဖြစ်ပါတယ်။

How the Figure AI humanoid robot was created - Geeky Gadgets

Figure က  ဝယ်ယူတဲ့ ကုမ္ပဏီ နာမည်ကို မပြောပေမယ့် ကမ္ဘာ့ ထိပ်တန်း ကုန်ပစ္စည်း အရောင်းဆိုင် သို့မဟုတ် နည်းပညာ ကုမ္ပဏီ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Figure ရဲ့ လူတူစက်ရုပ်တွေဟာ ကုန်ပစ္စည်း သိုလှောင်ရုံ၊ အရောင်းဆိုင်နဲ့ လူသားတွေကို စောင့်ရှောက်တဲ့ အလုပ်တွေအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ လူတူစက်ရုပ် နယ်ပယ်မှာ ထိပ်တန်းရောက်နေပါတယ်။

အမေရိကန် နဲ့ တရုတ် တို့ဟာ ကုန်သွယ်ရေး စစ်ပွဲမှသာမက နည်းပညာ စစ်ပွဲကိုလည်း ဆင်နွှဲနေကြပါတယ်။ လူတူစက်ရုပ်  ပြိုင်ပွဲမှာ ဘယ်နိုင်ငံက အသာရသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

Ref : Technology Innovation