Samsung က ဒီနှစ်မှာ ထုတ်မယ့် စွမ်းရည်မြင့် Galaxy Series တွေကို Galaxy S20 လို့ နာမည်ပေးမယ်လို့ သတင်းထွက်နေပြီး ဒီနှစ် Note Series ကိုလည်း Note20 လို့ နာမည်ပေးထားနိုင်ပါတယ်။ အခုတော့ Note20 ရဲ့ သတင်းအချက်အလက်တွေ စတင် ပေါက်ကြားထွက်ပေါ်လာပြီး ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလထဲမှာ ကြေညာမယ်လို့ သိရပါတယ်။ နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Ice Universe က Note20 မှာ ပို မြင့်မားတဲ့ Refresh Rate မျက်နှာပြင် ထည့်သွင်းထားမယ်လို့ ပြောတဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်မှာပါ။ အဲဒီ မျက်နှာပြင် နည်းပညာက ပြိုင်ဖက်တွေထက် ဘာတွေ ပိုကောင်းမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Galaxy S20 Series တွေမှာ 120Hz Refresh Rate ပါလာမယ်လို့ သတင်းထွက်နေပေမယ့် FullHD Resolution ကိုပဲ ကန့်သတ်ထားမှာပါ။ OnePlus က နောက်မျိုးဆက် မျက်နှာပြင် နည်းပညာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တချို့ ပြောထားပြီး 120Hz Refresh Rate ထောက်ပံ့တဲ့ QHD Resolution ဖြစ်မယ်လို့ သတင်းပေးထားပါတယ်။

Note20 ရဲ့ မျက်နှာပြင် နည်းပညာဟာလည်း 120Hz Refresh Rate ထောက်ပံ့တဲ့ QHD Resolution ဖြစ်နိုင်ပြီး ဘက်ထရီ စားတာ သက်သာအောင် ဖန်တီးထားနိုင်ပါတယ်။ PC Gamers တွေ အကြိုက်တွေ့ကြတဲ့ Refresh Rate ကို ပြောင်းလဲနိုင်မယ့် နည်းပညာဟာ Note20 မှာ ပါလာနိုင်ပါတယ်။

Ref : gsmarena