Apple ရဲ့ ပထမဆုံး Foldable iPhone သတင်းတွေ ထွက်နေတာ ကြာပြီ ဖြစ်ပေမယ့် အခုထက်ထိ ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။ အခုတော့ ပထမဆုံး Foldable iPhone ကို ၂၀၂၆ ခုနှစ်ကျမှ ရောင်းချနိုင်မယ်လို့ သတင်းထွက်လာပါတယ်။

What AI thinks a foldable iPhone will look like

အဲဒီဖုန်းဟာ Flip Style ဖြစ်ပြီး Samsung Galaxy Z Flip6 လိုမျိုး ဖြစ်ကာ Fold6 လိုမျိုး မဟုတ်ပါဘူး။ Apple က အဲဒီဖုန်းအတွက် သုတေသန လုပ်ငန်းတွေကို ဒီနှစ်ထဲမှာ စတင်နေပြီလို့ သိရပါတယ်။ ၂၀၂၆ ခုနှစ်ကျမှ ထွက်လာမယ့်အတွက် အဲဒီဖုန်းကို တီထွင်တဲ့ ကာလဟာ ၂ နှစ်ကြာမြင့်မှာပါ။

Apple could launch foldable iPhone in 2026 to rival Galaxy Z Flip 8 - SamMobile

အဲဒီဖုန်းရဲ့ Folding Screen ကို Samsung Display က ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး Apple နဲ့ စာချုပ်ချုပ်ပြီးပြီလို့ သိရပါတယ်။ ဖုန်းကို ဖြန့်ထားရင် အရွယ်အစားဟာ လက်ရှိ iPhone တွေနဲ့ တူညီမှာပါ။ အရှည်နဲ့ အကျယ်ဟာ တူညီနိုင်ပြီး အထူက တူညီမှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။

အရင်က သတင်းအရ Apple ရဲ့ ပထမဆုံး Foldable Device ဟာ iPad ဖြစ်မယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ တရုတ် စမတ်ဖုန်း ဈေးကွက်မှ စိန်ခေါ်မှုတွေအရ နည်းဗျူဟာကို ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအတွက် Apple ရဲ့ ပထမဆုံး Foldable Device ဟာ iPhone ဖြစ်လာမှာပါ။

Ref : gsmarena