Unicode

Google ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက Phone App မှာ Call Recording Feature ကို ထည့်သွင်းလာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါတယ်။ XDA Developers ကနေ အဆိုပါ Call Recording Feature ကို Pixel 4 စမတ်ဖုန်းမှာ စမ်းသပ်နိုင်ခဲ့ပါတယ်။

XDA Developers ကနေ စမ်းသပ်ခဲ့တဲ့ Google Phone App Version ကတော့ Version 44 ဖြစ်တယ်လို့ သိရပြီးတော့ တခြားတူညီတဲ့ Google Phone App Version ရှိတဲ့သူတွေအနေနဲ့ Google ကနေ တရားဝင်ထုတ်ပေးခြင်းမရှိတဲ့အတွက် အသုံးပြုနိုင်ဦးမှာတော့ မဟုတ်ပါဘူး။

Call Recording Feature ဟာ Google Phone App ကနေဖုန်းခေါ်ဆိုတဲ့အချိန်မှာ Speaker ၊ Keypad ၊ Hold လိုမျိုး Button တွေဘေးနားမှာ Record Button အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ စစခြင်းအနေနဲ့ ဒီ Call Recording Feature ကို အသုံးပြုမယ်ဆိုရင် ဥပဒေအရ တာဝန်ရှိကြောင်းနဲ့ အခြေအနေအများစုမှာ နှစ်ဖက်စလုံးက Call Recording ပြုလုပ်နေကြောင်း သိရှိဖို့လိုအပ်တယ် လို့အဓိပ္ပါယ်ရတဲ့ သတိပေးချက်တစ်ခုကို ဖော်ပြသွားမှာပါ။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ Call Record ပြုလုပ်လိုက်ပြီဆိုတာနဲ့ တဖက်စကားပြောနေတဲ့သူကိုလည်း “This Call is Being Recording” ဆိုပြီး အသိပေးသွားမှာဖြစ်သလို Call Recording ကို အဆုံးသတ်လိုက်ပြီဆိုရင် “Call Recording Has Now Ended” ဆိုပြီး အသိပေးသွားဦးမှာပါ။ ဒီလိုမျိုး ပြုလုပ်တဲ့အတွက်ကြောင့် လက်ရှိ Call Recording ကို Support လုပ်တဲ့စမတ်ဖုန်းအများစုလိုမျိုး တဖက်က Record ပြုလုပ်နေမှန်းမသိဘဲ Record ပြုလုပ်ခံနေရတာမျိုးရှိမှာမဟုတ်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် Google ရဲ့ Phone App က Call Recording Feature ဟာ ကောင်းစွာအလုပ်လုပ်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ သတ်မှတ်ထားတဲ့ Region အချို့မှာ Pixel စမတ်ဖုန်းတွေအတွက် အရင်ဆုံးရရှိလာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ တခြားသော Google Phone App ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေမှာပါ အသုံးပြုလာနိုင်မယ်လို့ ယူဆရပါတယ်။

Ref – XDA Developers

Zawgyi

Google ကေန ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက Phone App မွာ Call Recording Feature ကို ထည့္သြင္းလာႏိုင္တယ္ဆိုၿပီး သတင္းေတြထြက္႐ွိခဲ့ပါတယ္။ XDA Developers ကေန အဆိုပါ Call Recording Feature ကို Pixel 4 စမတ္ဖုန္းမွာ စမ္းသပ္ႏိုင္ခဲ့ပါတယ္။

XDA Developers ကေန စမ္းသပ္ခဲ့တဲ့ Google Phone App Version ကေတာ့ Version 44 ျဖစ္တယ္လို႔ သိရၿပီးေတာ့ တျခားတူညီတဲ့ Google Phone App Version ရွိတဲ့သူေတြအေနနဲ႔ Google ကေန တရားဝင္ထုတ္ေပးျခင္းမရွိတဲ့အတြက္ အသုံးျပဳႏိုင္ဦးမွာေတာ့ မဟုတ္ပါဘူး။

Call Recording Feature ဟာ Google Phone App ကေနဖုန္းေခၚဆိုတဲ့အခ်ိန္မွာ Speaker ၊ Keypad ၊ Hold လိုမ်ိဳး Button ေတြေဘးနားမွာ Record Button အသစ္ပါဝင္လာမွာျဖစ္ပါတယ္။ စစျခင္းအေနနဲ႔ ဒီ Call Recording Feature ကို အသုံးျပဳမယ္ဆိုရင္ ဥပေဒအရ တာဝန္ရွိေၾကာင္းနဲ႔ အေျခအေနအမ်ားစုမွာ ႏွစ္ဖက္စလုံးက Call Recording ျပဳလုပ္ေနေၾကာင္း သိရွိဖို႔လိုအပ္တယ္ လို႔အဓိပၸါယ္ရတဲ့ သတိေပးခ်က္တစ္ခုကို ေဖာ္ျပသြားမွာပါ။

ေနာက္ထပ္ ထူးျခားခ်က္တစ္ခုကေတာ့ Call Record ျပဳလုပ္လိုက္ၿပီဆိုတာနဲ႔ တဖက္စကားေျပာေနတဲ့သူကိုလည္း “This Call is Being Recording” ဆိုၿပီး အသိေပးသြားမွာျဖစ္သလို Call Recording ကို အဆုံးသတ္လိုက္ၿပီဆိုရင္ “Call Recording Has Now Ended” ဆိုၿပီး အသိေပးသြားဦးမွာပါ။ ဒီလိုမ်ိဳး ျပဳလုပ္တဲ့အတြက္ေၾကာင့္ လက္ရွိ Call Recording ကို Support လုပ္တဲ့စမတ္ဖုန္းအမ်ားစုလိုမ်ိဳး တဖက္က Record ျပဳလုပ္ေနမွန္းမသိဘဲ Record ျပဳလုပ္ခံေနရတာမ်ိဳးရွိမွာမဟုတ္ေတာ့ပါဘူး။

ဘာပဲျဖစ္ျဖစ္ Google ရဲ႕ Phone App က Call Recording Feature ဟာ ေကာင္းစြာအလုပ္လုပ္ေနၿပီျဖစ္တဲ့အတြက္ မၾကာခင္မွာ သတ္မွတ္ထားတဲ့ Region အခ်ိဳ႕မွာ Pixel စမတ္ဖုန္းေတြအတြက္ အရင္ဆုံးရရွိလာႏိုင္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တျခားေသာ Google Phone App ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြမွာပါ အသုံးျပဳလာႏိုင္မယ္လို႔ ယူဆရပါတယ္။

Ref – XDA Developers