လာမဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ Samsung ရဲ့ Unpacked ပွဲကို ကျင်းပဦးမှာပါ။ ဒီပွဲမှာ ဘာတွေကို တွေ့မြင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပေးမယ်ဆိုပေမဲ့ အခုကတည်းက ကြိုထွက်နေတဲ့ Teaser ကိုလည်း ကြည့်လို့ရနေပါပြီ။

Teaser မှာ အဓိက ပေးသွားတဲ့ Message က “Flex is greater than Flat” ဆိုတာပါပဲ။ ဗီဒီယိုမှာ Foldable Galaxy Z Flip4 နဲ့ Z Fold4 တို့ရဲ့ ပုံသဏ္ဍာန်ကို ပြထားတယ်ဆိုပေမဲ့ ဒါဟာ မျက်စိတမှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။ အဓိကပေးချင်တဲ့ Message ကို ပိုပြီးသိသာထင်ရှားအောင်ကြိုးစားကြတဲ့နေရာမှာ Capture ဖမ်းထားတဲ့ ပုံက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Samsung က ပေးချင်တဲ့ နောက်ထပ် Message တစ်ခုက “Next Galaxy” “Greater than” “Phones Now” ဆိုတာပါပဲ။ Teaser ဟာ Marketing tools တစ်ခုဆိုတာမှန်ပေမဲ့ အဖြေဝှက်ထားတဲ့ ပဟေဠိတစ်ပုဒ်လိုလည်း ဖျော်ဖြေမှုပေးပါသေးတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့လည်း Teaser ကိုကြည့်ပြီး Samsung ပေးချင်တဲ့ Message က ဘာလဲဆိုတာကို ကိုယ်တိုင်ရှာဖွေနိုင်ပါတယ်။

သဲလွန်စအနေနဲ့ကတော့ Samsung ဟာ သူ့ရဲ့ Foldable သစ်တွေအတွက် Ultra-Thin Glass (UTG) တွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေအကြောင်းရိုက်ကူးထားတဲ့ ဗီဒီယိုကို သိပ်မကြာခင်ကလွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ပဟေဠိအတွက် အဖြေက ဒီဗီဒီယိုတစ်ခုတည်းနဲ့ သိနိုင်တာလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

“Flex is greater than Flat” ဆိုတဲ့အတိုင်း ကွေးနိုင်ဆန့်နိုင်တဲ့မျက်နှာပြင်က ရိုးရိုးသာမန် Flat မျက်နှာပြင်ထက် ပိုကြီးတာ၊ ပိုပြီးထူးကဲတာတော့ ငြင်းလို့မရတဲ့ အမှန်တရားပါ။ လာမဲ့မျိုးဆက်သစ် Galaxy Fold ဟာ လက်ရှိ ဖုန်းတွေထက် ပိုပြီးကောင်းလာမယ်ဆိုတာလည်း သေချာသလောက်ပါပဲ။ ဘယ်လောက်ထိ ကောင်းလာမလဲ၊ ဘယ်လောက်ထိ ပိုပြီး ခမ်းနားသွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena