Apple ဟာ ခေါက်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်ဖို့ အခုထိ အဆင်သင့်မဖြစ်သေးပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေအတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်တစ်ခုအရ ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်တဲ့ (iPhone Fold လို့ ခေါ်နိုင်တဲ့) ဖုန်းကို iPhone 18 စီးရီးတွေနဲ့အတူ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အဲဒီဖုန်းမှာ ၇.၇ လက်မအရွယ် အတွင်းဘက် မျက်နှာပြင်နဲ့ ၅.၅ လက်မအရွယ် အပြင်ဘက် မျက်နှာပြင်တို့ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ သူ့ကို iPhone 18 Pro မှာ အသုံးပြုမယ့် A20 Pro chip နဲ့ အားဖြည့်ပေးထားနိုင်ပြီး software ပိုင်းမှာတော့ ခေါက်ဖုန်းအတွေ့အကြုံအတွက် သီးသန့်ပြုပြင်ထားတဲ့ iOS 27 ကို အခြေခံထားမှာ ဖြစ်ပါတယ်။ ပိုပြီးအဆင်ပြေပြေ သုံးနိုင်ဖို့အတွက် Apple အနေနဲ့ Face ID ဒါမှမဟုတ် Touch ID ကိုတောင် ပြန်လည်ထည့်သွင်းပေးလာနိုင်ပါတယ်။

အဲဒီ ပထမမျိုးဆက် ခေါက်ဖုန်း iPhone ရဲ့ စတင်ရောင်းဈေးက ဒေါ်လာ ၁,၉၉၉ ဖြစ်မယ်လို့ ဆိုပြီး ဒါက Samsung ရဲ့ လက်ရှိ Fold ဈေးနှုန်းနဲ့ တူညီနေပါတယ်။ ဒါပေမဲ့ JPMorgan ကတော့ နှစ်နှစ်အတွင်းမှာ အလုံးရေ သန်း ၄၅ လောက် ရောင်းချရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်မှာ ခေါက်ဖုန်းဈေးကွက်တစ်ခုလုံးက အဲဒီအရေအတွက်ရဲ့ ထက်ဝက်တောင် မရောင်းချခဲ့ရတဲ့အတွက် ဒါဟာ အလွန်ကြီးမားတဲ့ ရောင်းအား ဖြစ်လာမှာပါ။

Apple's Foldable iPhone Could Come With A Compact Display ~ My Mobile India

နောက်ပြီး Android ဖုန်းထုတ်လုပ်သူအများစုက သူတို့ရဲ့ ခေါက်ဖုန်း hardware တွေကို အခုအခါမှာ ကောင်းမွန်အောင် ပြုပြင်ပြီးဖြစ်သလို ဒီလိုဖုန်းပုံစံရဲ့ အစောပိုင်းပြဿနာတော်တော်များများကိုလည်း ဖြေရှင်းပြီး ဖြစ်ပါတယ်။ Apple အနေနဲ့ သူ့ရဲ့ ပထမမျိုးဆက် ခေါက်ဖုန်းနဲ့ အဲဒီလို အရည်အသွေးအဆင့်အတန်းကို မှီနိုင်မလား၊ ဝယ်သူတွေက ပထမမျိုးဆက် ထုတ်ကုန်တစ်ခုအပေါ်မှာ ယုံကြည်မှုရှိရှိ ဝယ်ယူကြမလားဆိုတာ စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့လည်း Apple ရဲ့ ecosystem ခိုင်မာမှုက သူ့အတွက် အားသာချက်တစ်ခု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သေးငယ်တဲ့ အပြင်ဘက်မျက်နှာပြင် ဒါမှမဟုတ် ပထမမျိုးဆက်ရဲ့ ကန့်သတ်ချက်တွေလို အားနည်းချက်တွေ ပါလာရင်တောင်မှ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲကို အံဝင်ခွင်ကျဖြစ်မယ့် ခေါက်ဖုန်းမျိုးကို ပိုသဘောကျနိုင်တဲ့ iPhone သုံးစွဲသူတွေအတွက်တော့ ပိုပြီး အားသာချက်ရှိနေပါတယ်။

ကောလာဟလတွေအရ Apple ရဲ့ ခေါက်ဖုန်းမှာ ခိုင်ခံ့မှုကို အဓိကထားပြီး liquid metal နဲ့ တည်ဆောက်ထားတဲ့ Hinge ဒီဇိုင်းအသစ်တစ်ခု ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့ နည်းပါးနေသေးပေမယ့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ မိတ်ဆက်မယ့်အချိန် နီးကပ်လာတာနဲ့အမျှ ကျွန်တော်တို့တွေ ပိုပြီးသိလာရမှာ ဖြစ်ပါတယ်။

Ref : gizmochina