Samsung ဟာ အခုနောက်ပိုင်းမှာ Foldable ဖုန်းတွေကို Fold Series အောက်ကနေ ထုတ်လုပ်ရောင်းချလာပါတယ်။ တရုတ်နိုင်ငံမှာတော့ အဆိုပါ Foldable ဖုန်းတွေကို W Series အောက်ကနေ ရောင်းချတော့မှာပါ။ Samsung ဟာ တရုတ်မှာ  W Series ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပြီး အရမ်းကို တန်ဖိုးကြီးတဲ့ Android ဖုန်းတွေ ဖြစ်ပါတယ်။

Samsung W21 5G poster

Samsung W21 5G လို့ နာမည်ပေးထားပြီး နောက်လ ၄ ရက်နေ့မှာ ကြေညာမယ်လို့ Samsung က အတည်ပြုလိုက်ပါတယ်။ အဲဒီဖုန်းဟာ Galaxy Z Fold2 5G နဲ့ တူမယ်လို့ အစောပိုင်းကတည်းက သတင်းထွက်နေခဲ့ပါတယ်။

W21 5G နဲ့ Galaxy Z Fold2 5G ရဲ့ အဓိက ကွာခြားချက်က Hinge အရောင်နဲ့ အနောက်ဘက် ကာဗာ ဖြစ်ပါတယ်။ TENAA မှာ ရွှေရောင်ကို မြင်တွေ့ရပြီး TENAA က ဓါတ်ပုံအရ အနောက်ဘက်မှာ China Telecom Logo ကို မြင်ရတဲ့အတွက် အဲဒီ Carrier ကနေ ရောင်းမှာသေချာပါတယ်။

Galaxy Z Fold2 5G ကို လက်ရှိမှာ ၁၆,၉၉၉ ယွမ်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၃၂ သိန်းလောက်ကျသင့်ပါတယ်။ W21 5G ကိုတော့ အနည်းဆုံး ၁၉,၉၉၉ ယွမ်လောက်နဲ့ ရောင်းနိုင်တဲ့အတွက် ဈေးက ၃၈ သိန်းလောက်အထိ မြောက်သွားနိုင်ပါတယ်။

Ref : gsmarena