[Unicode]

Xiaomi က စွမ်းရည်မြင့် Mi 10 Device ၂ လုံးကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ၂ လုံးစလုံးကို တစ်ပြိုင်နက် ရောင်းချမှာ ဖြစ်ပြီး Mi 10 နဲ့ Mi 10 Pro တို့ ဖြစ်ပါတယ်။ ဖေဖော်ဝါရီမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာနိုင်ပါတယ်။ အခုတော့ သူတို့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Mi 10 မှာ အနည်းဆုံး ၆.၅ လက်မ OLED မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ပါပါတယ်။ Mi 10 နဲ့ Mi 10 Pro တို့မှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ရိုးရိုး မော်ဒယ်မှာ 8GB , 12GB RAM နဲ့ Pro မော်ဒယ်မှာ 12GB RAM ပါလာမှာပါ။

Mi 10 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး 108MP Main , 20MP , 12MP နဲ့ 5MP တွေ ဖြစ်ပါတယ်။ Mi 10 မှာ 40W Wired, 30W Wireless , 10W Reverse-wireless Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာမှာပါ။ Pro မော်ဒယ်မှာ 108MP Main , 48MP , 12MP နဲ့ 8MP ကင်မရာတွေကို အနောက်ဘက်မှာ ထည့်သွင်းထားမှာပါ။ 66W Wired, 40W Wireless Charging ပါတဲ့ 4,800mAh ဘက်ထရီ ပါလာမှာပါ။

Mi 10 အတွက် 8GB+128GB, 8GB+256GB or 12GB+256GB မော်ဒယ်တွေ ထုတ်လုပ်ထားမှာပါ။ Pro အတွက် 12GB+128GB , 12GB+256GB နဲ့ 12GB+512GB မော်ဒယ်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၃,၇၉၉ ယွမ်၊ ၄,၀၉၉ ယွမ်နဲ့ ၄,၄၉၉ ယွမ်တွေ သတ်မှတ်ထားမှာပါ။ မြန်မာငွေ ၈ သိန်း၊ ၈ သိန်း ၆ သောင်းနဲ့ ၉ သိန်း ၄ သောင်း အသီးသီး ကျသင့်မှာပါ။

Ref : gsmarena

[Zawgyi]

Xiaomi Mi 10 နဲ့ Mi 10 Pro ရဲ့ Specs တွေ ထွက်ပေါ်လာ





Ref : gsmarena