ဧပြီလ ဒုတိယပတ်အစောပိုင်းတုန်းက Samsung ဟာ Galaxy A71 5G, A51, A21 နဲ့ A11 တို့ကို မိတ်ဆက်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ Galaxy A71 5G ကတော့ အမေရိကန်ဈေးကွက်ကို ဦးတည်ထားတာဖြစ်ပြီး ဒီနွေနှောင်းပိုင်းမှာ ရောင်းချမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဈေးကွက်ထဲမှာတော့ Galaxy A71 5G ကို ကြိုတင်မှာယူမှုတွေ ပြုလုပ်လို့ရနေပြီ ဖြစ်ပါတယ်။ ဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကလည်း ထွက်ပေါ်ပြီးသားဆိုပေမယ့် အခုမှထပ်သိရတာက Samsung စမတ်ဖုန်းတွေမှာ ပထမဆုံးအဖြစ် သုံးလာတဲ့ နည်းပညာတစ်ခုအကြောင်းပါ။

Samsung ဟာ နည်းပညာပိုင်းမှာ နောက်မကျပေမယ့် In-Display fingerprint technology ကို သူ့ရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုဖို့ နောက်ကျခဲ့တယ်လို့ ဆိုရမှာပါ။ အခုလည်း Galaxy A71 5G မှာ Goodix In-display fingerprint solution ကို သုံးထားတယ်ဆိုပေမယ့် တကယ်တမ်းကတော့ Huawei, Xiaomi, Realme, OnePlus စတဲ့ အမှတ်တံဆိပ်တွေမှာလည်း သုံးနေတာ ဖြစ်ပါတယ်။

Samsung အနေနဲ့ Goodix In-display fingerprint solution ကို သူများထက်နောက်ကျမှသုံးခဲ့တယ်ဆိုပေမယ့် အခု Galaxy A71 5G မှာသုံးပြီဆိုတော့ နောက်မော်ဒယ်တွေမှာလည်း သုံးလာဖို့ မျှော်လင့်နိုင်ပါတယ်။ Galaxy A71 5G 6.7-inch FHD+ Super AMOLED Plus Infinity-O display နဲ့ဖြစ်ပြီး ကျောဘက်မှာတော့ ကင်မရာလေးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

အဓိက ကင်မရာဟာ 64MP ဖြစ်ပြီး 12MP (ultra-wide) + 5MP (macro) နဲ့ 5MP (depth) တို့ ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 32MP ဖြစ်ပါတယ်။ Exynos 980 dual-mode (SA / NSA) 5G chipset ကို 8GB RAM နဲ့တွဲဖက်ပေးထားပြီး၊ သိုလှောင်မှုပမာဏက 128GB ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,500 mAh ဖြစ်ပြီး၊ Black, Blue နဲ့ Silver ဆိုပြီး အရောင်သုံးမျိုးရှိပါတယ်။ Galaxy A71 5G ရဲ့ အမေရိကန်ဈေးကွက်အတွင်းရောင်းဈေးက $599.99 (၈ သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Ref: Gizmochina