Samsung ဟာ ဒီလထဲမှာ Galaxy S21 Series နဲ့အတူ Galaxy Buds Pro ကိုပါ ကြေညာတော့မယ်လို့ ထင်ပါတယ်။ Samsung က Buds Pro ကြေညာမယ့် နေ့ကို မပြောသေးပေမယ့် အခုတော့ Samsung Canada Website မှာ Galaxy Buds Pro အမည်နဲ့ Support Page ကို လွှင့်တင်လိုက်ပါတယ်။

Samsung Galaxy Buds Pro moniker confirmed as support page goes live on official website

မော်ဒယ်နံပါတ်က SM-R190 လို့ ဖော်ပြထားပြီး တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် အရင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေနဲ့ သတင်းတွေအရ TWS နားကြပ်ရဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေကို သိခဲ့ရပြီးပါပြီ။

Galaxy Buds Pro moniker confirmed by Samsung on its website - GSMArena.com news

Galaxy Buds Pro မှာ Two-way စပီကာ ၁ လုံး၊ နားကြပ် တစ်ဖက်စီမှာ မိုက်ကရိုဖုန်း ၃ လုံးစီ၊ 11mm Woofer ၁ လုံးနဲ့ 6.5mm Tweeter ၁ လုံး ထည့်သွင်းထားမှာပါ။ Noise Cancellaiton နည်းပညာနဲ့ IPX7 စံနှုန်း ရေစိုခံ စွမ်းရည် ပါလာမှာပါ။

ဘက်ထရီ ပမာဏကို မသိရသေးပေမယ့် စုစုပေါင်း ၈ နာရီကြာ သီချင်း နားထောင်နိုင်ပြီး ၄ နာရီခွဲ ဖုန်းပြောနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ Charging Case က ဘက်ထရီနဲ့ ပေါင်းလိုက်ရင် နောက်ထပ် ၁၀ နာရီခွဲကြာ သီချင်းနားထောင်နိုင်သလို နာရီ ၂၀ ကြာ ဖုန်းပြောနိုင်မှာပါ။

Galaxy Buds Pro မှာ Ambient Sound, Conversation Mode နဲ့ Spatial Audio တွေ ပါလာမှာ ဖြစ်ပြီး Silver , Violet နဲ့ Black ၃ ရောင် ထုတ်လုပ်ထားမှာပါ။ အမေရိကန်မှာ ၁၉၉ ဒေါ်လာနဲ့ ရောင်းနိုင်တဲ့အတွက် ၂ သိန်း ၆ သောင်းဆိုတော့ ဈေး မသေးပါဘူး။

Ref : gsmarena