Samsung ရဲ့ Foldable ဖုန်း ဖြစ်တဲ့ Fold 2 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ပေါက်ကြားသတင်းတွေကို အခြေပြု ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ရာခိုင်နှုန်းအပြည့် မှန်ကန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Samsung ရဲ့ နောက်မျိုးဆက် Foldable စမတ်ဖုန်းရဲ့ အကြမ်းဖျင်း ဒီဇိုင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဓါတ်ပုံတွေအရ Galaxy Fold 2 ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူပါတယ်။ Fold 2 မှာ ပိုကြီးပြီး Notch ပါတဲ့ ဒုတိယ မျက်နှာပြင်နဲ့ လက်ရှိရောင်းထားတဲ့ Galaxy S20 Series တွေရဲ့ ကင်မရာ စတိုင် ထည့်သွင်းထားတာမြင်ရပါတယ်။ လက်ရှိရောင်းချထားတဲ့ Galaxy Fold ရဲ့  Notch အစား Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက စမတ်ဖုန်းကို ခေါက်ချိုးထားရင် Gap ဖြစ်နေတာ မတွေ့ရတဲ့အတွက် အရမ်းမိုက်တဲ့ ခေါက်ချိုး ဒီဇိုင်း  ဖြစ်ပါတယ်။ Galaxy Z Flip ရဲ့ Hinge အသစ်ကို Galaxy Fold 2 မှာ အသုံးပြုထားမယ်လို့ ထင်ပါတယ်။

အရင်သတင်းတွေအရ Galaxy Fold 2 ကို ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကြေညာနိုင်ပြီး ဇူလိုင်လက အဖြစ်နိုင်ဆုံးလို့ သိရပါတယ်။ အရင်မျိုးဆက်လို ပလတ်စတစ် မဟုတ်ဘဲ Ultra Thin Glass နဲ့ မျက်နှာပြင်ကို ဖုံးအုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ 108MP ပင်မ ကင်မရာနဲ့ S Pen ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gsmarena