Samsung ကုမ္ပဏီဟာ Galaxy S20 Lite ဗားရှင်းကို ထုတ်လုပ်နေကြောင်း အစောပိုင်းမှာ သတင်းထွက်ထားပြီး အောက်တိုဘာလလောက်မှာ မိတ်ဆက်လာဖို့ မျှော်လင့်ထားခဲ့ကြပါတယ်။ အခုတစ်ပတ်မှာလည်း Geekbench ပေါ်သို့ Snapdragon 865 ချစ်ပ်ဆက်၊ 6GB RAM တို့နဲ့ ရောက်ရှိလာခဲ့ပါသေးတယ်။

S20 Lite ဟာ ထွက်ရှိချိန်မှာ Galaxy S20 Fan Edition အမည်နဲ့ထွက်လာမယ်လို့လည်း သတင်းထွက်လာပြီး 120hz Refresh Rate နဲ့ Display ပါလာမယ်လို့ နာမည်ကျော် Leakster တစ်ယောက်ဖြစ်တဲ့ Ice Universe က ဆိုလာပါတယ်။ Galaxy S20 Fan Edition ဟာ Snapdragon 865 ချစ်ပ်ဆက် အသုံးပြုထားမယ် ဆိုတာကတော့ Geekbench နဲ့ ကိုက်ညီနေပြီး စျေးနှုန်းကလည်း သင့်တော်ကောင်းမွန်တဲ့စျေးလို့တော့ Leak ထဲမှာ ဖော်ပြထားပါတယ်။

Ice Universe ဟာ Galaxy S20 Fan Edition ရဲ့ အရွယ်အစား သို့မဟုတ် Resolution တို့ကိုတော့ ထည့်မပြောခဲ့ဘဲ ဒီဖုန်းဟာ ဖုန်နဲ့ရေစိုဒဏ်ခံနိုင်မှုအဆင့် IP68 သတ်မှတ်ချက်လည်း ပါဝင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ ဆဲလ်ဖီးကင်မရာအတွက် 3.3mm Punch-hole ပါဝင်မယ်လို့ ဖော်ပြခဲ့ပေမယ့် ဘယ်နေရာမှာလို့တော့ မပြောခဲ့ပါဘူး။

အခုနှစ် ဇန်နဝါရီမှာမှ Galaxy S10 Lite ကိုမိတ်ဆက်ခဲ့ပြီး S20 Fan Edition ကတော့ 2020 Q4 ကာလမှ ရောက်လာမယ်လို့ ဆိုပါတယ်။ အစောပိုင်းသတင်းတွေက အောက်တိုဘာလို့ ညွှန်းဆိုထားပေမယ့် ဒီထက်ပိုပြီး နောက်ကျကောင်းနောက်ကျနိုင်ပါတယ်။

Ref – GSMArena