Samsung က Unpacked Event ကို နောက် ၁ ပတ်လောက်မှာ ခမ်းခမ်းနားနား ကျင်းပတော့မှာ ဖြစ်ပြီး အလန်းစား Galaxy S20 Series တွေကို မိတ်ဆက်တော့မှာပါ။ အဲဒီ စမတ်ဖုန်းတွေရဲ့ Specs အများစု ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ Galaxy S20 Series တွေမှာ Main , Ultra-wide နဲ့ Telephoto ကင်မရာ အားလုံးနဲ့ တစ်ပြိုင်နက် ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးနိုင်မယ်လို့ သတင်းထွက်လာပါတယ်။

XDA Developer က Max Weinbach က ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပြီး အဲဒီ လုပ်ဆောင်ချက်ကို “Quick Take” လို့ နာမည်ပေးထားမယ်လို့ သူက ပြောပါတယ်။ ဓါတ်ပုံ ၃ ပုံကို တစ်ပြိုင်နက် ရိုက်ကူးပေးပြီးနောက်မှာ Galllery App ကနေ သင် ကြိုက်တဲ့ ပုံကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ချက်မျိုးကို Samsung က ပထမဆုံး ဖန်တီးတာတော့ မဟုတ်ပါဘူး။  ၂၀၁၈ ခုနှစ်ထုတ် LG V40 မှာ အလားတူ လုပ်ဆောင်ချက် ထည့်သွင်းထားပြီး “Triple Shot” လို့ နာမည်ပေးထားပါတယ်။ iPhones တွေအတွက် မကြာခင်က ထွက်ရှိခဲ့တဲ့ DoubleTake App ကလည်း ဒီလို ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။

Ref : gsmarena