Galaxy S22 Ultra ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ လူကြိုက်အများဆုံး Android စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။ Samsung ရဲ့ Flagship နောက်မှာ ဈေးပိုပြီးသက်သာတဲ့ Galaxy A13 က ရှိနေခဲ့တာပါ။ စိတ်ဝင်စားဖို့ကောင်းတာက Samsung ရဲ့ ဒီ Device နှစ်ခုဟာ တူညီတဲ့ ကမ္ဘာ့ဈေးကွက်ဝေစုတွေကို ရရှိခဲ့တာတာပဲ ဖြစ်ပါတယ်။

Galaxy S22 Ultra ဟာ ဧပြီလမှာ ဈေးကွက်ဝေစု ၁.၅% ရှိခဲ့ပြီး Samsung ရဲ့ ဒုတိယလူကြိုက်အများဆုံးဖြစ်တဲ့ Galaxy A13 က ဈေးကွက်ရဲ့ ၁.၄% ကို လွှမ်းခြုံထားပါတယ်။ Low-end ဖြစ်တဲ့ Galaxy A03 Core ကလည်း ဈေးကွက်ဝေစုရရဲ့ ၁.၄% ကို ရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။

ထိပ်တန်း ၁၀ ခုစာရင်းမှာ စတုတ္ထနဲ့ နောက်ဆုံး Samsung ဖုန်းဟာ ကမ္ဘာ့ဈေးကွက်ဝေစု ၁.၃% ရှိတဲ့ Galaxy A53 5G ဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ Redmi Note 11 LTE ဖြစ်နေကြောင်းကို Counterpoint Research ကတစ်ဆင့် သိရပါတယ်။ Galaxy S22 Ultra က Android စမတ်ဖုန်းထဲမှာ လူကြိုက်အများဆုံးဖြစ်ပေမဲ့ အခြား Ecosystems ကို ကြည့်လိုက်ရင်တော့ Apple က ထိပ်ဆုံးမှာ နေရာယူထားတာကို တွေ့နိုင်ပါတယ်။

Samsung ကို ကြည့်လိုက်မယ်ဆိုရင် Galaxy S22 Ultra ကလွဲရင် ကျန်တဲ့ ၄ နေရာကို ရယူထားတာဟာ Galaxy A တွေ ဖြစ်နေတာကိကု တွေ့နိုင်ပါတယ်။ iPhone 13 ဟာ ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၅.၅% အထိကို ရယူနိုင်ခဲ့တာပါ။ iPhone 13 Pro Max က ဈေးကွက်ဝေစု ၃.၄%။ iPhone13 Pro က ၁.၈% နဲ့ iPhone 12 တို့က ၁.၆% အသီးသီးကို ရယူထားကြတာ ဖြစ်ပါတယ်။

Ref: sammobile