[Unicode]

5G စမတ်ဖုန်းတွေ ၂၀၁၉ ခုနှစ်က စတင်ထွက်ပေါ်နေပြီး ၂၀၂၀ ခုနှစ်မှာလည်း အပြိုင်အဆိုင် ရောင်းချကြတော့မှာပါ။ 5G ဆက်သွယ်မှု နည်းပညာဟာ IoT နဲ့ AIoT တို့ကို များစွာ အကျိုးဖြစ်ထွန်းစေမှာပါ။ 5G ပါတဲ့ တက်ဘလက်တွေတော့ သိပ်မထွက်လာသေးပါဘူး။ အခုတော့ Samsung Korea ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ Galaxy Tab S6 5G ကို တောင်ကိုရီးယားမှာ ပထမဆုံး အနေနဲ့ ဒီလ ၃၀ ရက်နေ့မှာ ရောင်းပေးတော့မယ်လို့ ကြေညာထားပါတယ်။

Samsung က Galaxy Tab S6 5G မှာ နောက်မျိုးဆက် မိုဘိုင်း ဆက်သွယ်ရေး နည်းပညာ ဖြစ်တဲ့ 5G ပါလာမယ်လို့ ပြောပါတယ်။ 5G အပြင် တက်ဘလက်ရဲ့ တခြား Specs တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ တက်ဘလက်မှာ ၁၀.၅ လက်မ Super AMOLED မျက်နှာပြင်နဲ့ AKG Audio နည်းပညာပါတဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပါတယ်။

Galaxy Tab S6 5G မှာ ငွေရောင် သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး အထူက ၅.၇ မီလီမီတာပဲ ရှိတဲ့အတွက် အရမ်းကို ပါးလွှာပါတယ်။ ၄၂၀ ဂရမ် အလေးချိန်ပဲ ရှိတဲ့အတွက် အရမ်း ပေါ့ပါးပါတယ်။ 128GB Storage ထည့်သွင်းထားတဲ့ မော်ဒယ်ကို ၉၉၉,၉၀၀ ဝမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်းလောက် ရှိပါတယ်။

အရင်ကတော့ Galaxy Tab S6 5G မှာ Snapdragon 855 Processor , 6GB RAM နဲ့ 128GB Storage တွေ ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ 1TB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ ရပါတယ်။ အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP+5MP ကင်မရာတွေ ပါပါတယ်။ 7,040mAh ဘက်ထရီ ပါလာနိုင်ပြီး ၁၅ နာရီကြာ ဗီဒီယိုတွေ ကြည့်နိုင်မှာပါ။

Ref : gizchina

[Zawgyi]

ေတာင္ကိုရီးယားမွာ Galaxy Tab S6 5G ကို မနက္ျဖန္မွာ ေရာင္းမည္

5G စမတ္ဖုန္းေတြ ၂၀၁၉ ခုႏွစ္က စတင္ထြက္ေပၚေနၿပီး ၂၀၂၀ ခုႏွစ္မွာလည္း အၿပိဳင္အဆိုင္ ေရာင္းခ်ၾကေတာ့မွာပါ။ 5G ဆက္သြယ္မႈ နည္းပညာဟာ IoT နဲ႔ AIoT တို႔ကို မ်ားစြာ အက်ိဳးျဖစ္ထြန္းေစမွာပါ။ 5G ပါတဲ့ တက္ဘလက္ေတြေတာ့ သိပ္မထြက္လာေသးပါဘူး။ အခုေတာ့ Samsung Korea ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္မွာ Galaxy Tab S6 5G ကို ေတာင္ကိုရီးယားမွာ ပထမဆုံး အေနနဲ႔ ဒီလ ၃၀ ရက္ေန႔မွာ ေရာင္းေပးေတာ့မယ္လို႔ ေၾကညာထားပါတယ္။

Samsung က Galaxy Tab S6 5G မွာ ေနာက္မ်ိဳးဆက္ မိုဘိုင္း ဆက္သြယ္ေရး နည္းပညာ ျဖစ္တဲ့ 5G ပါလာမယ္လို႔ ေျပာပါတယ္။ 5G အျပင္ တက္ဘလက္ရဲ႕ တျခား Specs ေတြကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ တက္ဘလက္မွာ ၁၀.၅ လက္မ Super AMOLED မ်က္ႏွာျပင္နဲ႔ AKG Audio နည္းပညာ ပါတဲ့ စပီကာ ၄ လုံး ပါလာပါတယ္။

Galaxy Tab S6 5G မွာ ေငြေရာင္ သတၱဳကိုယ္ထည္ တပ္ဆင္ထားၿပီး အထူက ၅.၇ မီလီမီတာပဲ ရွိတဲ့အတြက္ အရမ္းကို ပါးလႊာပါတယ္။ ၄၂၀ ဂရမ္ အေလးခ်ိန္ပဲ ရွိတဲ့အတြက္ အရမ္း ေပါ့ပါးပါတယ္။ 128GB Storage ထည့္သြင္းထားတဲ့ ေမာ္ဒယ္ကို ၉၉၉,၉၀၀ ဝမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၂ သိန္းေလာက္ ႐ွိပါတယ္။

အရင္ကေတာ့ Galaxy Tab S6 5G မွာ Snapdragon 855 Processor , 6GB RAM နဲ႔ 128GB Storage ေတြ ပါမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ 1TB microSD Card စိုက္ႏိုင္တဲ့အတြက္ ေဒတာေတြ ရွယ္သိမ္းလို႔ ရပါတယ္။ အေရွ႕ဘက္မွာ 8MP နဲ႔ အေနာက္ဘက္မွာ 13MP+5MP ကင္မရာေတြ ပါပါတယ္။ 7,040mAh ဘက္ထရီ ပါလာႏိုင္ၿပီး ၁၅ နာရီၾကာ ဗီဒီယိုေတြ ၾကည့္ႏိုင္မွာပါ။

Ref : gizchina