Samsung ရဲ့ Galaxy W21 ဟာ Galaxy W20 5G foldable ကို ဆက်ခံမယ့် မျိုးဆက်သစ်ဖြစ်ပါတယ်။ Galaxy W20 5G ဟာ မူလ Galaxy Fold ကိုပဲ 5G ဗားရှင်းအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့တာပါ။ အခု အသစ်ထပ်ထွက်လာမယ့် Galaxy W21 ကလည်း တရုတ်နိုင်ငံဈေးကွက်အတွက်ပဲ ဖြစ်ဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကတော့ Samsung Galaxy W21 5G foldable ဟာ တရုတ်ရဲ့ 3C နဲ့ TENAA တို့မှာ မော်ဒယ်နံပါတ် SM-W2021 နဲ့အတူ အသိအမှတ်ပြုမှုရရှိခဲ့ပါတယ်။ အစဉ်အလာအရဆိုရင်တော့ Galaxy W21 ဟာ Galaxy Z Fold 2 ကိုပဲ ပြောင်းလဲထုတ်လုပ်တာလို့ မျှော်လင့်နိုင်ပါတယ်။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ တရုတ်ဈေးကွက်အတွက် Custom Edition ကို Exclusive gold အရောင်နဲ့ ထုတ်လုပ်ပြီး မကြာခင်မှာ မိတ်ဆက်တော့မယ်လို့ သိရပါတယ်။ Samsung ဟာ China Telecom နဲ့ပူးပေါင်းပြီး Galaxy W အမှတ်တံဆိပ်နဲ့ Flagship တွေကို နှစ်စဉ်နှစ်တိုင်း ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

The Elec ရဲ့ ဖော်ပြချက်အရ ရွှေရောင် Galaxy W21 ကိုအလုံးရေပေါင်း သုံးသောင်းသာ ကန့်သတ်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေရောင်ကိုယ်ထည်နဲ့ Galaxy W21 ဟာ ဒေသတွင်းကုမ္ပဏီကြီး Huawei ရဲ့ ထုတ်ကုန်တွေကြားမှာ ဝယ်လိုအားကောင်းဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina