အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေဟာ Battery ပိုင်းမှာ Fast Charging ပိုင်းကို တဖြည်းဖြည်းပိုမိုမြန်ဆန်အောင် ပြုလုပ်လာကြပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ ဒီလိုမျိုး Fast Charging တွေကြောင့် Battery Health ကို ထိခိုက်မှုကလည်း တဖြည်းဖြည်းပိုမိုမြန်ဆန်လာစေပါတယ်။

အဲ့ဒီအတွက် Apple လိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေက ကိုယ့်ဖုန်းရဲ့ Battery Health ကို သိရှိနိုင်အောင် ပြုလုပ်ပေးထားပြီး ဘယ်အချိန်မှာ ဖုန်း Battery ကို လဲလှယ်သင့်သလဲဆိုတာကို အလွယ်သိရှိမှာဖြစ်ပါတယ်။ အခုလည်း Apple လိုမျိုးပဲ Samsung ဟာ Battery ပိုင်းကို ကာကွယ်ပေးနိုင်မယ့် Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။

အဆိုပါ Feature ကိုတော့ Battery Protect Feature လို့ နာမည်ပေးထားပြီးတော့ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy Z Flip3 နဲ့ Z Fold3 ဖုန်းတွေမှာ ပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါ Battery Protect Feature ဟာ အစောပိုင်းမှာ Galaxy Tab Series Tablet တွေမှာ ပါဝင်ပြီးသားဖြစ်ပေမယ့် အခုမှ Galaxy Z Flip3 နဲ့ Z Fold3 ဖုန်းတွေက ပထမဆုံးသော Battery Protect Feature ပါဝင်တဲ့ စမတ်ဖုန်းတွေဖြစ်လာပါတယ်။

ဒီ Battery Protect Feature ကို အသုံးပြုဖို့အတွက်ကတော့ System App အနေနဲ့ပါဝင်လာတဲ့ Device Care App ထဲကို ဝင်ရောက်ပြီး Protect Battery Section ထဲမှာ Enable ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ Feature ကို Enable ပြုလုပ်လိုက်ပြီဆိုရင် အားသွင်းတဲ့အချိန်မှာ 85% အထိပဲ အားသွင်းပေးမှာဖြစ်ပြီး Battery သက်တမ်းကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy Z Flip3 ဖုန်းဟာ လက်ရှိအချိန်မှာ Battery ပိုင်းမှာ အားနည်းတယ်လို့ ဝေဖန်ခံနေရတာဖြစ်ပြီး အခုလိုမျိုး Feature ပါဝင်လာတာက ရေရှည်အသုံးပြုမှုပိုင်းမှာ အားသာစေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung ကနေ Apple လိုမျိုး Battery Health Percentage ကိုတော့ ထည့်သွင်းပေးထားခြင်းမရှိပါဘူး။

လောလောဆယ်မှာတော့ Samsung စမတ်ဖုန်းတွေထဲမှာ Galaxy Z Flip3 နဲ့ Galaxy Z Fold3 ဖုန်းတွေပဲ အခု Battery Protect Feature ကို အသုံးပြုနိုင်သေးတာဖြစ်ပြီး တခြားသော Flagship ဖုန်းတွေနဲ့ Samsung ဖုန်းတွေမှာတော့ အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

Ref – Gizmo China