Garena Free Fire ကတော့ Operation Chrono နဲ့အတူ Update အသစ်မှာ Surprise အကြီးကြီးတွေ ယူဆောင်လာတော့မယ့်ပုံပါပဲ။ ကျွန်တော်တို့ကို တောက်လျောက် နည်းမျိုးစုံနဲ့ Chrono က ဘာလဲဆိုတာကို Teaser တွေနဲ့ပဲ အမြည်းကျွေးနေခဲ့တာ အခုဆိုရင် In-Game ထဲမှာလည်း Brand Ambassador ကို ခန့်မှန်းဖို့အတွက် Challenge လေးတစ်ခုပါဝင်လာပါတယ်။

အဆိုပါ Challenge ကတော့ သူငယ်ချင်းတွေဆီကနေ Jigsaw အပိုင်းလေးတွေ စုပြီးတော့ Brand Ambassador ခန့်မှန်းရမယ့် Answer Box ကို Unlock လုပ်ရမှာဖြစ်ပါတယ်။ Unlock ပြီးရင် နောက်တစ်ဆင့်အနေနဲ့ Brand Ambassador ကို ခန့်မှန်းရမှာပါ။ အဖြေမှန်ကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ Reveal လုပ်သွားမှာ ဖြစ်ပြီးတော့ အဖြေမှန်တဲ့သူတွေကိုလည်း In-Game ထဲမှာ Exclusive Reward တွေပေးသွားဦးမယ်လို့ သိရပါတယ်။

[ဆော့နည်း] Guess the Ambassador

သတ်မှတ်ချက်များ/ဆော့နည်း
1)ကစားသူတစ်ယောက်ချင်းစီတိုင်းကိုဂျစ်ဆောအပိုင်း 1/5 ပေးမည်။
2)ကစားသူက သူငယ်ချင်းဆီမှဂျစ်ဆောကုဒ်ရယူပြီးပျောက်ဆုံးနေသောဂျစ်ဆောကို စုဆောင်းရမည်။

3)ဂျစ်ဆောကုဒ်အကုန်စုဆောင်းပြီးသည်နှင့် ဖြေရန်နေရာပွင့်မည်။
4)ကစားသူသည် ဖြေရန်နေရာပွင့်သည်နှင့်တစ်ကြိမ်သာချက်ချင်း ဖြေဆိုရမည်။
5)ကစားသူသည် website ဝေမျှခြင်းဖြင့် 9 ကြိမ်ထိဖြေခွင့်ရှိသည်။ (တစ်ခါဝေမျှ = တစ်ခါဖြေဆိုခွင့်အခွင့်အရေး)

6)ကြေညာသည့်နေ့မတိုင်မှီတင်သွင်းခဲ့သောအဖြေမှန်/မမှန်သည်ကို ဒီဇင်ဘာ 7 ရက်နေ့တွင်သာဖော်ပြသွားမည်။

သူငယ်ချင်းကိုဂျစ်ဆောကုဒ်နံပါတ်မျှဝေနည်း
“ဂျစ်ဆော့ကုဒ်ပေးမည်” ကိုနှိပ်ပါ
မျှဝေလိုသောဂျစ်ဆော၏ကုဒ်နံပါတ်ကိုရွေးပြီး သူငယ်ချင်းကိုပို့ပေးမယ်

ဂျစ်ဆောတောင်းနည်း
ဂျစ်ဆော့ယူရန်ကုဒ်နံပါတ်ထည့်ပါ။
ကုဒ်နံပါတ်တစ်ခု တစ်ကြိမ်သာသုံးလို့ရပါသည်။
ကဲအားလုံးလဲ သိကြပြီးပြီဆိုတော့ အဖြေမှန်ကိုခန့်မှန်းကြမယ်နော်

Download Link – https://bit.ly/3lotBko
Official Page – https://www.facebook.com/garenafreefiremm