Android ဖုန်းတွေအတွက် Keyboard App တွေ အများအပြားရှိနေပေမယ့် Google ကနေ ထုတ်လုပ်ပေးထားတဲ့ Gboard ဟာ လူသုံးအများဆုံး Keyboard တစ်ခုဖြစ်ပါတယ်။ ဒါကလည်း Gboard ဟာ အသုံးပြုသူတွေအတွက် အသုံးပြုရတာလွယ်ကူသလို အားသာချက်အများအပြားပါဝင်တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Gboard ရဲ့ အားနည်းတစ်ခုကတော့ Samsung Galaxy Z Fold3 လိုမျိုး Foldable ဖုန်းတွေအတွက် Split Keyboard Feature ကို ထည့်သွင်းပေးခြင်းမရှိတာပဲဖြစ်ပါတယ်။ ဒါကြောင့် Split Keyboard ကို အသုံးပြုချင်တဲ့ Foldable ဖုန်းနဲ့ Tablet အသုံးပြုသူတွေအနေနဲ့ တခြားသော Third-party Keyboard တွေကိုပဲ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် Google ကနေနောက်ဆုံးထုတ်ပေးလိုက်တဲ့ Gboard Beta Update မှာ Split Keyboard Feature ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Gboard Beta Version v11.9.04 ကို အသုံးပြုနေတယ်ဆိုရင် Toolbar အပေါ်မှာရှိတဲ့ Split Keyboard Icon ကို နှိပ်ပြီး ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Google ကနေ Gboard မှာ Split Keyboard Feature ကိုထည့်သွင်းလာပြီဆိုပေမယ့် လက်ရှိသိရတဲ့သတင်းတွေအရ Samsung Galaxy Z Fold3 ဖုန်းမှာပဲ အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ Google ဘက်ကတော့ နောက်ပိုင်းမှာ Android Tablet တွေအတွက်ပါ ရရှိနိုင်မလားဆိုတာကို အတည်ပြုပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – 9to5Google