ပြီးခဲ့တဲ့လကုန်တုန်းက Huawei P40 နဲ့ P40 Pro တို့ကို ANA-AN00/TN00 နဲ့ ELS-AN00/TN00 မော်ဒယ်နံပါတ်တွေနဲ့အတူ တရုတ် 3C မှာ Certification ခဲ့တာကို တွေ့ကြရပါတယ်။ ဒါတင်မကသေးဘဲ ဒီ Device နှစ်ခုစလုံးဟာ တရုတ်ရဲ့ TENAA မှာလည်း Certified ရခဲ့ပြီး ဖြစ်ပါတယ်။

မတ်လ ၂၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်မယ်လို့ သတင်းထွက်ထားပေမယ့် TENAA ဟာ Huawei P40 နဲ့ P40 Pro တို့ရဲ့ အချက်အလက်ကို ဖော်ပြမထားတာကြောင့် စောင့်ဆိုင်းနေတုန်းမှာပဲ Geekbench မှာ တစ်ချို့တလေကို တွေ့မြင်လိုက်ရပါပြီ။

Geekbench 5 မှာတွေ့မြင်ရတဲ့ Huawei ELS-NX9 ဟာ Huawei P40 Pro ရဲ့ မတူညီတဲ့နိုင်ငံနဲ့ဈေးကွက်အတွက် ကွဲပြားတဲ့ အမျိုးအစားလို့ ယူဆရပါတယ်။ Geekbench 5 မှာတွေ့မြင်ရတာကတော့ Single-core ရမှတ်ဟာ 776 မှတ် ဖြစ်ပြီး Multi-core ရမှတ်ကတော့ 3,182 မှတ် ဖြစ်ပါတယ်။

Huawei ELS-NX9 ဟာ HiSilicon Kirin chipset အသုံးပြုထားပါတယ်။ Base frequency 1.95GHz ဖြစ်တာကိုတွေ့ရပြီး Kirin 990 5G chipset ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ နောက်ဆုံးသုံးလပတ်တုန်းက မိတ်ဆက်လာတဲ့ Huawei Mate 30 Pro 5G မှာသုံးထားတာနဲ့ တူညီတဲ့ SoC လို့ ဆိုရမှာပါ။

Geekbench အရ Huawei P40 Pro ဟာ 8GB of RAM နဲ့ဖြစ်ပြီး Android 10 မောင်းနှင်ထားတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ P40 series တွေကို Google Mobile Service (GMS) နဲ့ တွေ့မြင်ရဖွယ်မရှိဘဲ၊ Huawei Mobile Service (HMS)၊ Huawei ရဲ့ ကိုယ်ပိုင် AppGallery နဲ့ပဲ တွေ့မြင်ရဖွယ် ရှိပါတယ်။

ပေါက်ကြားသတင်းတစ်ခုမှာတော့ Huawei P40 ကို ဥရောပဈေးကွက်မှာ 799/899 euros နဲ့ရောင်းချမယ်လို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာငွေနဲ့ဆိုရင်တော့ ၁၂ သိန်းခွဲဝန်းကျင်နဲ့ ၁၄ သိန်း ဝန်းကျင် မှာဖြစ်ပါတယ်။ P40 Pro ကို 999/1,099 euros (မြန်မာငွေ ၁၅ သိန်းခွဲဝန်းကျင်နဲ့ ၁၇ သိန်းဝန်းကျင်) နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: Gizmochina