Google ရဲ့ Gmail ဟာ လက်ရှိအချိန်မှာ လူတိုင်းအသုံးပြုနေကြတဲ့ Mail တစ်ခုဖြစ်မှာပါ။ အဲ့ဒီလိုမျိုး အသုံးပြုနေတယ်၊ အလုပ်ကိစ္စမှာလည်း Gmail က အရေးပါတယ်ဆိုရင် Mail တစ်စောင်ကို Reply ပြန်ဖို့ မေ့သွားတာကို ကြုံဖူးကြမှာပါ။

အဲ့ဒီအချိန်မျိုးမှာ တကယ်လို့ Reply ပြန်ရမယ့် Mail က အရေးကြီးတယ်ဆိုရင် ဒါက ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် ဆုံးရှုံးမှုတစ်ခုဖြစ်သွားစေတာပဲဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့၊ Google က Android အတွက် Gmail App မှာ ပြီးခဲ့တဲ့ လပိုင်းတုန်းက Web Version Gmail မှာ ပါဝင်လာခဲ့တဲ့ Nudges Features ကိုထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

အခု Nudges Feature ဆိုတာကတော့ တကယ်လို့ Mail တစ်ခုက ဝင်ထားပြီး ကိုယ်ကလည်း အဆိုပါ Mail ကို ၂ ရက် ၃ ရက်လောက် ဖွင့်မကြည့်ပဲ ထားလိုက်မိတယ်ဆိုရင် အဆိုပါ Mail ကို ဖွင့်မကြည့်ရသေးကြောင်းနဲ့ Reply ပြန်ဖို့ကို သတိပေးသွားမှာဖြစ်ပါတယ်။

အခု Feature ကို အသုံးပြုချင်တယ်ဆိုရင် Gmail App – Setting ထဲမှာ ရှိတဲ့ Reply and Follow up ထဲမှာ On ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။