Apple ရဲ့ Foldable iPhone သတင်းတွေ ထွက်နေတာ ကြာပါပြီ။ အခုတော့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က အဲဒီဖုန်းကို ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာ ကြေညာမယ်လို့ ပြောပါတယ်။ သူက အဲဒီဖုန်းရဲ့ Specs တချို့ကိုလည်း ပြောပြပါတယ်။

Oppo Find N5's hinge features a 3D-printed titanium wing panel

စာအုပ်စတိုင် Foldable iPhone ဖြစ်ပြီး အပြင်ဘက်မှာ 5.5” Display နဲ့ ပင်မ 7.8” OLED Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အဆင့်မြင့် Hinge ကြောင့် ပင်မ Display မှာ ခေါက်ချိုးရာ မပါလာဘူးလို့ သိရပါတယ်။ Kuo က Foldable iPhone ရဲ့ Hinge နဲ့ Midframe ကို Bright Laser Technologies (BLT) က ထုတ်လုပ်ပေးထားမယ်လို့ ပြောပါတယ်။

Oppo Find N5 running macOS via O+ Connect

အဲဒီ အစိတ်အပိုင်း ၂ ခုစလုံးကို Stainless Steel , Titanium နဲ့ တည်ဆောက်ထားနိုင်ပြီး အဆင့်မြင့် 3D Printing နည်းပညာနဲ့ ထုတ်လုပ်ထားနိုင်ပါတယ်။

Foldable iPhone မှာ Face ID မပါလာဘဲ ပါဝါခလုတ်အောက်မှာ Tourch ID Fingerprint Reader ကို ထည့်သွင်းထားနိုင်ပါတယ်။ ဖြန့်ထားရင် အထူက ၄၅.-၄.၈ မီလီမီတာနဲ့ ခေါက်ချိုးထားရင် ၉-၉.၅ မီလီမီတာ ရှိမှာ ဖြစ်ပါတယ်။ ဖုန်း အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Kuo က Foldable iPhone ကို ၂၀၂၅ ခုနှစ် ကွာတား ၃ မှာ စတင် ထုတ်လုပ်နိုင်ပြီး ၂၀၂၆ ခုနှစ် ကွာတား ၄ မှာ အမြောက်အများထုတ်လုပ်မယ်လို့ ပြောပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၂,၀၀၀ နဲ့ ၂,၅၀၀ အကြားမှာ ရှိနိုင်ပါတယ်။

Ref : gsmarena